LODGGY
  • Home
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
209K
3K
18
LODGGY
Subscribe
LODGGY
  • Home
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
  • garden resort
  • Hotel Reviews
  • Kalaw
  • Shan State
  • Travel Tips

Royal Kalaw Hill Resort or Grey House(Lodggy Hotel Review)

  • April 1, 2019
  • No comments
  • 327 views
  • 1 minute read
  • cody kg
Total
0
Shares
0
0
0

Royal Kalaw Hill Resort Review

ကလောမြို့က အရင်က လူတွေ ညအိပ် ညနေ လည်ပတ်တဲ့ နေရာတစ်ခုမဟုတ်ခဲ့ပါဘူး .. အခုနှစ်ပိုင်းမှာတော့ ကလောနဲ့ သူ့အနီးနားဝန်းကျင်နေရာတွေက online မှာနာမည်ကြီးလာပီးသွားရောက်လည်ပတ်သူလည်းများလာပါတယ်။ ကလောရဲ့ main attraction တွေကတော့ trekking လုပ်လို့ကောင်းတာရယ် / အေးတဲ့ရာသီဥတုရယ် / ကိုလိုနီခေတ်အဆောက်ဦးတွေပါ . ရှေးဟောင်းအိမ်တွေ ကို ကြိုက်တဲ့သူတွေအတွက်တချို့အဆောက်ဦး တွေကတော့ ဟိုတယ်အနေနဲ့ ပြန်လည်တည်းခိုလို့ရနေပါတယ်။ အဲ့လို ကိုလိုနီခေတ်အဆောက်ဦးပါရှိတဲ့ ဒေသခံတွေက Grey house လို့ သိကြတဲ့ Royal Kalaw Hill Resort ရဲ့ hotel review လေးဖြစ်ပါတယ်။

📍 တည်နေရာ location

 ENTRANCE
ROYAL KALAW HILL RESORT

ဟိုတယ်တည်နေရာကတော့ ကလောဘူတာကျော် / အနောက်ဘက် ဘိုကုန်းလို့ခေါ်တဲ့ တောင်ကုန်းမြင့်ပေါ်မှာတည်ရှိတာပါ။ ဒေသခံတွေကို Grey House လို့မေးရင်သိပါတယ်။ ကလောဈေးကနေ ဟိုတယ်ကို ဆိုင်ကယ်ကယ်ရီ ဌားမယ်ဆို ၁၅၀၀-၂၀၀၀ ဝန်းကျင်ပဲ ပေးရပါတယ်။

🌲ဟိုတယ်အနေအထား

ခြံဝန်းကျယ်ကျယ် မှာ ကိုလိုနီခေတ်အိမ်ကြီးရယ်/ နောက်ထပ်ထပ်တိုး ဘန်ဂလိုစတိုင် အခန်းတွေနဲ့ ဟိုတယ်က ချစ်စရာလေးပါ။ ဝင်ဝင်ချင်းတွေရမှာက grey house လို့ခေါ်တဲ့ အိမ်ကြီးရယ် သူရဲ့ အရှေ့ဘက်က မြက်ခင်းကျယ်ကြီးရယ်ပါ။ ဟိုတယ်ဝန်းတခုလုံးက ဘယ်ကြည့်ကြည့် သစ်ပင် ပန်းပင်ဝေဝေဆာဆာနဲ့ အတော်ကိုသာယာပါတယ်။ ဟိုတယ် ဝန်းက အရမ်းအကျယ်ကြီးမဟုတ်ပေမဲ့ သူ့နေရာနဲ့ သူ ကျစ်ကျစ်လစ်လစ် စနစ်တကျရှိပြီး ကားပါကင်နေရာ လည်း ပါပါတယ်။ ဒေါင့်စေ့အောင် နေရာတခါမှာ ဓါတ်ပုံရိုက်ကောင်းအောင်လည်း ဖန်တီးပေးထားတယ်။ Spa လည်းပါရှိပါတယ်။

Royal Boutique Room ,Royal Executive Room
Grey House

🏡GREY HOUSE Background

Colonial living-room design
Grey House Living-Room

ဒီဟိုတယ်ထဲမှာရှိတဲ့ ကိုလိုနီခေတ်အဆောက်အုံဖြစ်တဲ့ ဒေသခံတွေက grey house လို့သိတဲ့အိမ်ကြီးဟာ ၁၉ ၃၀ ဝန်းကျင်က Sir Willam Carr ဆိုတဲ့ ဗြိတိသျှလူမျိုးနဲ့ သူရဲ့မွန်အမျိုးသမီး ဒေါ်ခင်တို့က သူတို့နေထိုင်ဖို့အတွက် ဆောက်လုပ်ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ရှမ်းစော်ဘွားတွေကိုရောင်းခဲ့လိုက်ရပါတယ်။

🛌 အခန်းအမျိုးစား Room Type
အခန်းအမျိုးစား (၄) မျိုးရှိပါတယ်။

1 – Royal Kalaw Hill Villa

Double bed,Royal Villa
Royal Villa

2 – Deluxe Double or Twin room တို့ဖြစ်ပါတယ်။

grand colonial interior design
Deluxe Double Room

နှစ်ထပ်အိမ်မကြီးထဲမှာ အခန်းနှစ်ခန်းပဲရှိပါတယ်။ အဲ့နှစ်ခန်း

၁- Royal Boutique Room

grey house's room, grand colonial interior design
Royal Botique Room

၂- Royal Executive Room

grey house's room,royal executive room
Royal Executive Room

Deluxe Room တွေကတော့ နာမ့်စမ်း ဆိုတဲ့ ၂ ထပ်အဆောင်မှာရှိတာပါ။ Royal Kalaw Hill Villa မှာ အခန်းပေါင်း ၆ ခုရှိပါတယ်။ Bungalow ပုံစံနေချင်သူတွေအတွက် အံကိုက်ပဲ။ Bungalow တခုစီကိုလည်း တောင်ကြီး၊အင်းလေး၊ညောင်ရွှေ စသည်ဖြင့် နာမည်ကြီးရှမ်းမြို့နာမည်လေးတွေပေးထားပါတယ်။ ကျွန်တော်တို့ အမြင်မှာတော့ Villa အခန်းတွေက အခန်းအမျိုးစားအားလုံးထဲမှာ အကျယ်ဆုံးပဲ။ နောက်မှ ဆောက်ထားတဲ့ အဆောက်အဦးတွေဖြစ်ပေမဲ့ အခန်းတိုင်းကို ကိုလိုနီခေတ်က အငွေ့အသက်ရအောင်ပြင်ထားတာတွေ့ရတယ်။ မီးလင်းဖိုအတုလည်းပါတယ်။ ဧည့်ခန်းလေးလည်းပါတယ်။ အပြင်ဘက်ထွက်ထိုင်စရာ balcony ပါပါတယ်။

DELUXE ROOMS
Nam Sang Building

Grey house ထဲမှာ Royal Boutique Room က ၃ ခန်းလောက်ရှိပြီး Royal Executive Room အခန်းအမျိုးစားက တစ်ခန်းပဲရှိ တာကြောင့် အဲ့အခန်းလိုချင်ရင်တော့ ကြိုတင် booking လုပ်ဖို့လိုပါတယ်။ အိမ်ထဲမှာ ဧည့်ခန်းလည်းပါတယ်။ Dinning Room လည်းပါတယ်။

COLONIAL INTERIOR DESIGN,KALAW
Grey House’s Dinning Room

အခန်းအမျိုးစားတွေအကုန်လုံးက ပေးရတဲ့ဈေးနဲ့ တန်ပါတယ်။ ရေပူ၊အေး / bathtub / ရေခဲသေတ္တာ/tv/ hair dryer/ aircon /safe စတာတွေအကုန်ပါပါတယ်။ အခန်းတွေအကုန်လုံးကလည်း fully furnished ဖြစ်ပြီး ကောင်းတဲ့အချက်က ရေချိုးခန်းတွေကျယ်ပါတယ်။ Marble ကျောက်တွေအပြည့်သုံးထားတယ်။

🍳အစားအသောက်

Breakfast,Bread,Juice
Breakfast

စားသောက်ဆိုင် Dinning Hall က ကိုလိုနီခေတ်ပုံစံ သီးသန့်တိုက်ထဲမှာပါ။ မနက်စာအနေနဲ့ကတော့ Buffet တော့ မခင်းပေးပါဘူး။ Set Menu ထဲကနေရွေးစားလို့ရပါတယ်။ အစားသောက်တွေက သန့်ရှင်းလတ်ဆတ်ပြီး ကောင်းမွန်ပါတယ်။ အနောက်ပိုင်းအစားအစား European foods တွေ တော်တော်ကောင်းပါတယ်။ ဟိုတယ် က ကျွေးတဲ့ ပေါင်မုန့် / ကိတ်တွေက ကိုယ်တိုင်လတ်လတ်ဆက်ဆက်ဖုတ်တာဖြစ်လို့ စားကောင်းပါတယ်။

🛵သွားမယ်လာမယ်

ဟိုတယ်ကနေ မြို့ထဲသွားမယ်ဆို ကားနဲ့ဆို ၅ မိနစ်၊ Kalaw View Point နဲ့လည်းနီးတယ်။

🤔သုံးသပ်ချက်

ဟိုတယ်လေးက ကလောစတိုင် ချစ်စရာလေးဖြစ်ပြီး ကြင်စဦး မောင်နှံတွေ တည်းခိုဖို့ romantic ဆန်ဆန်တည်းခိုချင်စရာကောင်းသလို အေးအေးချမ်းချမ်း လာရောက်အပန်းဖြေလိုသူတွေအတွက်လည်း သင့်လျော်ပါတယ် ။

👍အားသာချက်

အနောက်တိုင်းပုံစံအဆောက်အုံရယ် / မြက်ခင်းကျယ်ကျယ် ရယ်နဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတော်တော်များများ ရှိလို့အိမ်မက်ဆန်ဆန်တည်းခိုချင်သူတွေအတွက် Royal Kalaw Hill Resort က အထူးသင့်လျော်ပါတယ်..

Dec 2018 တွင်တည်းခိုခဲ့ပါသည်။

Lodggy ရဲ့ပထမဆုံး Mobile App ကနေ မြန်မာနိုင်ငံအနှံ့ ဟိုတယ် ၅၀၀ ကျော် ကိုရှာဖွေနိုင်ပါပြီ။▶️ Download Andriod : http://bit.ly/2G7mahw

☎️ Lodggy နဲ့ဘွတ်ကင်တင်ဖို့ 09 4444 38366 ကိုဆက်သွယ်လိုက်ပါ။

 

Total
0
Shares
Like 0
Tweet 0
Pin it 0
Related Topics
  • burma
  • colonial building
  • hotel review
  • kalaw
  • shan shate
  • tips
  • vacation
cody kg

Previous Article
  • garden resort
  • Holidays
  • Hotel Reviews
  • inle
  • Shan State

AMATA GARDEN RESORT REVIEW (INLE)

  • March 25, 2019
  • cody kg
View Post
Next Article
BEACH,NGAPALI,BT BAY,MYANMAR
  • Hotel Reviews
  • pool
  • Recommendation
  • Travel Tips

BT BAY NGAPALI HOTEL REVIEW

  • April 8, 2019
  • cody kg
View Post
You May Also Like
View Post
  • Hotel Reviews

Inle Princess Resort Review

  • August 28, 2019
  • admin
Hotel Pyin Oo Lwin, May Myo
View Post
  • Gallery
  • Hotel Reviews
  • pool
  • Recommendation
  • Tips

Hotel Pyin Oo Lwin ,Review

  • April 13, 2019
  • cody kg
BEACH,NGAPALI,BT BAY,MYANMAR
View Post
  • Hotel Reviews
  • pool
  • Recommendation
  • Travel Tips

BT BAY NGAPALI HOTEL REVIEW

  • April 8, 2019
  • cody kg
View Post
  • garden resort
  • Holidays
  • Hotel Reviews
  • inle
  • Shan State

AMATA GARDEN RESORT REVIEW (INLE)

  • March 25, 2019
  • cody kg
View Post
  • Beach
  • Hotel Reviews
  • Ngapali
  • Rakhine State

Hilton Ngapali Resort and Spa Review(MYANMAR)

  • April 9, 2018
  • travelinbamar
View Post
  • Hotel Reviews

THE LINK Yangon Boutique Hotel Review

  • March 30, 2018
  • admin
Pine Hill Resort,Kalaw
View Post
  • Hotel Reviews
  • Kalaw
  • pool

PINE HILL RESORT AT KALAW:SCENIC MOUNTAIN VIEWS

  • February 20, 2018
  • Kaung Tun
View Post
  • Hotel Reviews

Unique bed and breakfast hotel review

  • November 21, 2017
  • admin

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Search
Facebook Fanpage
Instagram
Instagram has returned invalid data.

Follow Me!

LODGGY
  • Facebook
  • Instagram
  • Email
Travel Blog

Input your search keywords and press Enter.