LODGGY
  • Home
  • English
  • Myanmar
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
LODGGY
Subscribe
LODGGY
  • Home
  • English
  • Myanmar
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
  • Myanmar
  • Myeik island

ကြီးမားတဲ့ကျောက်တုံးကျောက်ဆောင်အလှတရားတွေနဲ့ Boulder Island (မြိတ်ကျွန်းစု)

  • September 23, 2020
  • 1 minute read
  • kyaw kyaw

မြန်မာနိုင်ငံရဲ့တောင်ဘက်စွန်း ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ မြိတ်ကျွန်းစုက ဖြူလွှလွှသဲသောင်ပြင်ရှိတဲ့ကျွန်းတွေ၊ စိမ်းပြာရောင် ကြည်လင်သန့်ရှင်းနေတဲ့ ရေပြာပြာတွေ၊ ရေပေါ်ရေအောက် သတ္တဝါတွေ၊ သန္တာ ကျောက်တန်း နဲ့ လှပတဲ့ကမ်းခြေတွေ ပြည့်နှုက်နေတဲ့ ကျွန်းတွေနဲ့ဖွဲ့စည်းထားပါတယ်။

ADVERTISETMENT

ငခင်ညိုကြီးကျွန်းဆိုတာ မြိတ်ကျွန်းစုများရဲ့ အနောက်ဘက်အကျဆုံး ကျွန်းတစ်ခုဖြစ်ပြီး ကော့သောင်းမြို့နဲ့ ရေမိုင်အဝေးဆုံးမှာရှိတဲ့ ကျွန်းတစ်ခုပါ။ ကော့သောင်းမြို့နဲ့ ရေမိုင် (၄၈) မိုင်ကွာဝေးပြီး ကော့သောင်း လှေဆိပ်မှ ၂ နာရီခန့် လှေစီးရမှာဖြစ်ပါတယ်။ ထူးဆန်းလှပနေတဲ့ ကြီးမားတဲ့ကျောက်တုံးကျောက်တောင်ကြီးတွေ၊ လှပသောကျောက်တုံးများနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ခုမို့ Boulder Island လို့လည်းခေါ်ပါတယ်။ မြိတ်ကျွန်းစုထဲကဆိုပေမယ့် ကော့သောင်းကနေ သွားရင်ပိုနီးပါတယ်။

ကျွန်းတစ်ခုလုံးမှာ boulder bay ရဲ့ကမ်းခြေအပြင် တခြား ရေကူးလို့ရတဲ့ ကမ်းခြေပုံစံ အသေး ၃ ခုလောက်ထပ်ရှိပါသေးတယ်။ Boulder Bay Beach/ eagle beach, Sisters Bay Beach, Bamboo Bay Beach, Moken Bay Beach စတဲ့ ကမ်းခြေပေါင်းများစွာရှိပါတယ်။ ကျွန်းပတ်ပတ်လည်မှာ ကမ်းခြေလေးတွေရှိနေတာဆိုတော့ ကမ်းခြေတစ်ခုနဲ့တစ်ခုကို တောတွင်းလမ်းလျှောက်ရင်းသွားလို့ရတယ်။ သွားရတဲ့လမ်းတွေကလည်း ခက်ခဲတာမျိုးမရှိပါဘူး။ ကမ်းခြေအားလုံးကတော့ သဲဖြူဖြူဖွေးဖွေး၊ ရေကြည်ကြည်နဲ့ အရမ်းလှတဲ့ ကမ်းခြေတွေပါပဲ။

Boulder Bay – ညအိပ်တည်းခိုမယ့်သူတွေအတွက် Boulder Bay Eco Resort ရှိတဲ့ဘက်အခြမ်းပါ။ ကမ်းခြေကိုတော့ Eagle beach လို့ခေါ်ပါတယ်။

Boulder Bay/ Eagle Beach

Moken Bay – Snorkeling လုပ်လို့ကောင်းတဲ့ ကမ်းခြေတစ်ခုပေါ့။ ကျွန်းရဲ့မြောက်ဖက်ပိုင်းမှာရှိပြီး မုတ်သုံသစ်တောထဲကနေ မိနစ် ၂၀ လောက် လမ်းလျှောက်သွားရပါမယ်။

Moken Bay

Bamboo Bay – ဒီကမ်းခြေကိုသွားတဲ့လမ်းမှာ ဝါးရုံတောလမ်းလေး ဖြတ်ရပါတယ်။ အဲ့ဒါကြောင့်လည်း Bamboo Bay လို့ခေါ်တာဖြစ်ပါလိမ့်မယ်။

Bamboo Bay Beach

ADVERTISETMENT

Sisters Bay – Snorkeling လုပ်လို့အကောင်းဆုံးကမ်းခြေတစ်ခုပေါ့..

Sisters Bay

ကျွန်းပေါ်မှာလည်း နေဝင် နေထွက်ချိန်တွေကိုကြည့်နိုင်တဲ့ Viewpoint တွေလည်းရှိပါတယ်။ ကျွန်းတစ်ခုလုံးကိုရဲ့ ့ဝှက် ကမ်းခြေ (hidden beaches) တွေ ၊ sunset, sunrise ကြည့်ဖို့အလှဆုံးဖြစ်တဲ့ ကျွန်းရဲ့ ထိပ်ပိုင်းကျတဲ့ နေရာ(cliff) တွေကို hiking လုပ်ရင်း လည်ပတ်နိုင်ပါတယ်။ Kayaking, Diving, Snorkeling စိတ်ဝင်စားသူတွေအတွက်လည်း ကျွန်းပေါ်မှာရှိတဲ့ ကမ်းခြေတွေမှာ မတူညီတဲ့ ရေနေသတ္တဝါတွေကို လေ့လာနိုင်တာပေါ့။

Photo credit: Travel by Naw Htike

ငခင်ညိုကြီးကျွန်းကို နေ့ချင်းပြန်ခရီးသွားလို့ရသလို ကျွန်းပေါ်မှာ Activities လုပ်လို့ကောင်းလွန်းတာကြောင့် ညအိပ်ခရီးစဉ်များအလည်အပတ်များတဲ့ ကျွန်းဖြစ်ပါတယ်။ ကျွန်းပေါ်မှာပဲ ညအိပ်တည်းခိုချင်ရင်တော့ Boulder Bay Eco Resort ရှိပါတယ်။ ဒီ Resort ရဲ့ ကောင်းတဲ့အချက်လေးကတော့ အခန်းတွေအားလုံးက eco-friendly ဖြစ်တယ်..အခန်းပုံစံကလည်း ဘန်ဂလို ဖြစ်တာကြောင့် သီးသန့်ပိုဖြစ်ပါတယ်။

Photo Credit: Boulder Bay Eco Resort

ADVERTISETMENT

kyaw kyaw

You May Also Like
Read More
  • Around Myanmar
  • Sagaing
  • Uncategorized

နှစ်ပေါင်း (၁၀၀)တိုင်အောင် ကိုလိုနီခေတ်နှောင်းဗိသုကာလက်ရာတွေနဲ့ အသက်ဝင်နေဆဲ ဝက်မစွတ်ကျောင်း~

  • January 12, 2021
  • Eyint Kyi Pyar Zaw
Read More
  • City Guides
  • Guides

ဘာလို့ အခုအချိန် Staycation သွားသင့်လဲ?

  • December 17, 2020
  • Waiyan Min Thant
Read More
  • City Guides
  • Recommendation
  • Travel Tips

Why you should go on a Staycation now?

  • December 17, 2020
  • Waiyan Min Thant
Read More
  • advantages
  • Beach
  • Ngapali
  • Ngwe Saung

ပင်လယ်ရေကူးခြင်း၊ ပင်လယ်ရေထိတွေ့ခြင်း ကောင်းကျိုးများ~

  • December 4, 2020
  • Eyint Kyi Pyar Zaw
Read More
  • Guides
  • Myanmar

Things to do in Thandwe သို့မဟုတ် သံတွဲသို့သွားလည်ခြင်း အနုပညာ

  • October 2, 2020
  • Eyint Kyi Pyar Zaw
Read More
  • Hotel Promotions
  • Myanmar

အေးချမ်းလှပတဲ့ တည်းခိုစရာ နေရာများ

  • October 1, 2020
  • kyaw kyaw
Read More
  • Knowledge
  • Myanmar

ဘာနည်းပညာအကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ”ရွှေဘတောင်”

  • September 25, 2020
  • Eyint Kyi Pyar Zaw
Read More
  • Kalaw
  • Knowledge
  • Myanmar
  • Shan State

နှစ်(၁၀၀) Church ကျောင်းလို့ လူသိများတဲ့ လေ့လာစရာကလောမြို့ရဲ့နှစ်ဆွေး Church ကျောင်း

  • September 18, 2020
  • Eyint Kyi Pyar Zaw

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Search
Advertisement
Join us on Facebook
LODGGY
  • Privacy Policy
  • Facebook
  • Instagram
Travel Blog

Input your search keywords and press Enter.