နှစ်ပေါင်း (၁၀၀)တိုင်အောင် ကိုလိုနီခေတ်နှောင်းဗိသုကာလက်ရာတွေနဲ့ အသက်ဝင်နေဆဲ ဝက်မစွတ်ကျောင်း~

အံ့ဩစရာဗိသုကာလက်ရာတွေနဲ့ယနေ့တိုင်အောင် ခမ်းနားဆဲ ဝက်မစွတ်ကျောင်းဟာ စစ်ကိုင်းတိုင်းမြောင်မြို့မှာ တည်ရှိပါတယ်။ ဝက်မစွတ်ကျောင်းကြီး​၏ အလှူဒါယကာတို့မှာ ဦးထင်ပေါ်နှင့် ဒေါ်ဒေါ်အိုတို့ဖြစ်ကြပြီး ထိုကျောင်းကြီးကို 1918ခုနှစ် August လမှာ စတင်တည်ဆောက်ခဲ့ပြီး 1921 ခုနှစ် January မှာ ပြီးစီးခဲ့ပါတယ်။ ဝက်မစွတ်ဟု ခေါ်တွင်ရခြင်းမှာတော့ ဝက်မင်းသည် မြစ်ကိုဖြတ်ကူးရာမှ ဝက်မင်းဝမ်းဗိုက်ရေစွတ်သွားသည်ကို အကြောင်းပြု၍ “ဝမ်းမစွတ်” ၊ “ဝက်မစွတ်” ဟုခေါ်တွင်ကြကြောင်း ရေးသားခဲ့ကြပါသည်။ ထိုကျောင်းတော်ကြီးတွေ သီတင်းသုံးနေကြနေကြသော ကျောင်းထိုင်ဘုန်းဘုန်းများလည်းရှိနေပါတယ်။ကျောင်းကြီးက နှစ်ထပ်ကျောင်းဖြစ်ပြီး အထဲမှာ ကြောင်လိမ်လှေကားတွေ၊ သရက်ကင်းလှေကားတွေ၊ စတိုခန်းတွေ၊ ကနုတ်လက်ရာအလှအပများနှင့် ဘုရားခန်းတွေ၊ စာတိုက်တွေနှင့် ရှေးခေတ်လက်ရာအမြောက်အမြားနှင့် အလှဆင်ထားပါတယ်။ နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် ရာသီဥတုဒဏ်၊ အချို့သောဘေးတွေကြောင့် ပျက်စီးမှုများလည်းရှိနေပါတယ်။ ထို့ကြောင့် ဒေသခံတွေနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းလိုသူပညာရှင်များပူးပေါင်းပြီး ကိုလိုနီခေတ် ဗီသုကာလက်ရာတွေနှင့် ရှေးဟောင်းဘုန်းကြီးကျောင်းကြီး ဝက်မစွတ်ကျောင်းအား …

10 things to do in pyay ပြည်မြို့ရဲ့ လည့်ပတ်နိုင်တဲ့ နေရာ ၁၀ ခု

၁/ညစျေး (Night market) ပြည်မြို့ရဲ့ ညစျေးကလည်း မသွားမဖြစ်နေရာတစ်ခုပါပဲ.. အသီးအနှံ မျိုးစုံအပြင် ဒေသရိုးရာ မြန်မာမုန့် တွေ အကင်ဆိုင် /အသုပ်ဆိုင်တွေ နဲ့ အစားအသောက်ကြိုက်သူတွေ အတွက်ကွက်တိပါပဲ။ ၂/အကောက်တောင်ဘုရားဖူး အကောက်တောင် ဘုရားတွေဆီကို သွားရောက်ရာမှာ ရေလမ်း / ကုန်းလမ်း နှစ်မျိုးနဲ့သွားရောက်နိုင်ပါတယ်။ ရေလမ်း နဲ့ သွားရင်တော့ ပြည်မှ ထုံးဘို အထိသွားရမှာဖြစ်ပြီး ထိုမှ တစ်ဆင့် သမ္ဗာန်နှင့် ဧရာဝတီမြစ်ကမ်းဘေး အကောက်တောင်နံရံမှာ ရှိတဲ့ မှာ ရှိတဲ့ ဘုရားတွေကို သွားရောက်ဖူးမြှော်နိုင်မှာဖြစ်ပါတယ်။ သမ္ဗာန်ခ ကတော့ ၁၅၀၀၀ မှ ၃၅၀၀၀ အထိအစားစားရှိပါတယ်။ လှေစီးချိန်ကတော့ အသွား / အပြန် တစ်နာရီခွဲခန့်ကြာမြင့်ပါတယ်။ ၃/ပြည်မြို့အနီးတဝိုက်ဘုရားများ ပြည်မြို့ ထဲမှာရော ၊ …

စိတ်ဝင်စားစရာ မြန်မာမုန့် (၅)မျိုး

မြန်မာတွေကြိုက်နှစ်သက်ကြတဲ့ အစားအစားအမျိုးမျိုးရှိတဲ့အပြင် ထမင်းစားချိန် တွေ ကြားမှာဖြစ်ဖြစ် အဆာပြေ ပဲဖြစ်ဖြစ် သွားရည်စာအမျိုးမျိုးကို စားလေ့ရှိကြပါတယ်။ ဒေသအလိုက် အစားအစာ များ ကွဲပြားသည့်အပြင် ‌ဒေသအလိုက် သွားရည်စာများလဲ ကွဲပြားပါတယ်။ သွားရည်စာတွေကို အဆာပြေတင်မကပဲ အလှုအတန်းများ၊ ဧည့်သည်ဆောင်သည်များကို တည်ခင်းဧည့်ခံ လေ့ရှိကြပါတယ်။ မြန်မာမုန့်အတွေအများကြီးရှိတဲ့ အထဲကမှာ စိတ်ဝင်စားစရာကောင်းမယ်ထင်တဲ့ အစားအသောက် (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်… မုန့်ဝမ်းသာ ထားဝယ်ဘက်က အဆာပြေစားစရာ အချိုမုန့်တစ်ခုဖြစ်တဲ့ မုန့်ဝမ်းသာခေါ် မုန့်သည် ကောက်ညှင်း မုန့်လုံးကလေးများတွင် ပေါက်ပေါက်ပါသော အုန်းယိုဌာပနာ၍ စားသည့်အခါ အုန်းသီးမှုန့် ဖြူးစားကြတဲ့ မုန့်တစ်ခုပါ။ ခနုံထုပ် မန္တလေးမှာ နာမည်ကြီးတဲ့ မန္တလေးစာ တစ်ခုပါ။ မြန်မာ့သမိုင်းတွေအရ ၁၂၂၀ ခုနှစ်ဝန်းကျင်က မန္တလေး ရတနာပုံနေပြည်တော် မှာ ရှိတဲ့ …

မြန်မာ့အကြီးဆုံး လျောင်းတော်မူရုပ်ပွားတော်များ

မြန်မာနိုင်ငံအနှံံ့မှာ တည်ထားကိုးကွယ်နေတဲ့လျောင်းတော်မူရုပ်ပွားတော်များစွာရှိပါတယ်။ များစွာထဲမှာမှ မြန်မာ့အကြီးဆုံးလျောင်းတော်မူရုပ်ပွားတော်တွေကိုတစုတစည်းထဲ တင်ပြလိုက်ပါတယ်။ရှေးဘုရားရော၊ နောက်ပိုင်းမှ တည်ထားကိုးကွယ်ထားတဲ့ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တွေအထိ ဒီ list ထဲမှာပါဝင်ပါတယ်။ မဟာအတုလ သကျမုနိရွှေသာလျောင်း (သံတွဲမြို့၊ရခိုင်ပြည်နယ်) ဉာဏ်တော်အလျား ၁၀၈ ပေ၊ဉာဏ်တော် အမြင့်၃၁ ပေ ရှိတဲ့ မဟာအတုလ သကျမုနိရွှေသာလျောင်း သမိုင်းဝင်ရွှေနံတော်ဘုရားပုရဝဏ်အတွင်းမှာတည်ရှိပါတယ်။  ရွှေနံတော်စေတီတော်ရဲ့သမိုင်းကြောင်းမှာ မြတ်စွာဘုရားရှင် တန့်တော်မူတောင် ၏ အနောက်တောင်ဘက်ရှိ “ရောဟကူဋ” တောင်မှာ အရောင်အသွေးစုံလင်ပြည့်စုံလှစွာသော “ခါတို့မင်း ခါမင်း” ဖြစ်ခဲ့ဖူးသောကြောင့် မြတ်စွာဘုရားပျံလွန်တော်မူပါက နံတော်ဓာတ်ကိုစေတီတည်ကာ “နံတော်စေတီ” ဟု ခေါ်တွင်စေလိုကြောင်း ဗျာဒိတ်တော်ပေးခဲ့တယ်လို့ဆိုပါတယ်။ ရွှေနံတော်စေတီရောက်ရင် ဝရဒ လာဘမုနိဘုရား၊ နဂါးရုံဘုရားတို့ကိုလဲ ဖူးမျှော်နိုင်ပါတယ်။ မဟာဗုဒ္ဓရူပ စိန်သာလျောင်းဘုရား (ပဲခူးမြို့) ဉာဏ်တော်အလျား (၁၃၄)ပေ(၆)လက်မနှင့် အမြင့်(၂၈)ပေ (၉)လက်မရှိတဲ့ ရုပ်ပွားတော်မြတ်ကြီးတစ်ဆူဖြစ်ပါတယ်။ ပဲခူးမြို့အထွက်၊ …