ပင်လယ်ရေကူးခြင်း၊ ပင်လယ်ရေထိတွေ့ခြင်း ကောင်းကျိုးများ~

မကြာခင် ခရီးတွေသွားကြတော့မယ်ဆို ဘယ် Destination တွေကို သွားဖို့ရွေးချယ်ပြီးသွားကြပြီလဲ? ဘုရားတွေဖူးမှာလား? တောင်ပေါ်တက်မှာလား? ပင်လယ်ကြီးဆီသွားမှာလား? ဒီတစ်ခေါက် Lodggy က ခရီးသွားခြင်းနှင့်ကျန်းမာရေးချိတ်ဆက်ပြီး ပင်လယ်ရေကူးမယ်၊ ပင်လယ်ရေကိုထိမယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေရှိမလည်းဆိုတာ ပြောပြပေးချင်ပါတယ်။ 1.အသားအရေကောင်းမွန်ခြင်း -ပင်လယ်ရေထိတွေ့ခြင်းနှင့် ပင်လယ်ထဲရေကူးခြင်းတို့က အသားအရေကိုကောင်းမွန်စေပါတယ်။ ပင်လယ်ရေထဲမှာ မက်ကနီစီယမ်၊ ဆိုဒီယမ်၊ ကယ်ဆီယမ်၊ ကလိုရင်း ၊ ဆာလဖိတ် တို့လို သဘောဝဓာတ်တွေပါဝင်တာမို့ Skin Care လိုအသုံးဝင်ပါတယ်။ Stress ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေ၊ နှင်းခူနှင့် အခြား အသားအရေရောဂါတွေကို သက်သာစေပါတယ်။ 2.ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်း -ပင်လယ်ရေအေးမှာရေကူးခြင်း ထိတွေ့ခြင်းက ကိုယ်ခံအားကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Antioxidant တွေကို ထိန်းညှိ့ပေးပြီး ကင်ဆာနှင့် နှလုံးရောဂါဖြစ်နိုင်ချေများကိုလည်း လျှော့ချပေးပါတယ်။ ပင်လယ်ရေထဲမှာပါဝင်တဲ့ ဒြပ်စင်များနှင့် အဏုဇီဝသက်ရှိဟာ ဘတ်တီးရီးယားများနှင့် …

Top 10 Instagrammable places in Myanmar

အလှတရားတွေပြည့်နှက်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာတော့စေတီပုထိုးတွေ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ တောင်တန်းတွေ၊ ရင်သပ်ရှုမောဖွယ်ရာအလှနဲ့ကျွန်းစုတွေ၊ မြောက်ဖျားမှာဆို ရေခဲတောင်၊ အနောက်ဘက်ကိုမျက်နှာမူထားတဲ့ ကမ်းခြေတွေ၊ လှိုဏ်ဂူတွေ၊ ရေတံခွန်တွေနဲ့ အလှတရားတွေပေါများပါတယ်။ ခရီးသွားဓါတ်ပုံလေးတွေ အတင်များဆုံးနဲ့ ထူးထူးခြားခြားလှနေတဲ့နေရာတွေကတော့…ဘယ်နေရာလေးတွေရောက်ဖူးပြီးပြီလဲ?ဘယ်နေရာတွေကော သွားဖို့ကျန်သေးကြလဲ ? ရွှေတိဂုံစေတီတော် ပထမဦးဆုံးအနေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီးက ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုးတွေပေါများလို့ Golden Land လို့ ကမ္ဘာကသိတဲ့ မြန်မာပြည်ရဲ့အထင်ရှားဆုံးအထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ လောက်ကစတည်ထားခဲ့ပြီး ကမ္ဘာ့ရှေးအကျဆုံး စေတီတော်တွေထဲက တစ်ဆူအပါအဝင်လည်းဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားတွေ လည်ပတ်မှုအများဆုံးနေရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ပုဂံ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ လောက်ကတည်ထားခဲ့တဲ့စေတီပုထိုးတွေအများစုနဲ့ ဧရာဝတီမြစ်ဘေးမှာလဲလျောင်းတည်ရှိနေတဲ့ ရှေးဟောင်းမြို့တော် ပုဂံကတော့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အိပ်မက်တစ်ခုပါ။ ပုဂံရဲ့လွမ်းမောဖွယ်နေဝင်ချိန်တွေ၊ မိုးပျံဘောလုံးတွေနဲ့ မနက်ခင်းအလှပုံတွေ မရိုက်ဖူးသေးရင်တော့ bucket …

Hilton Ngapali Resort and Spa Review(MYANMAR)

Luxury Resort လို့လူတွေကိုပြောလိုက်တာနဲ့ စိတ်ထဲမှာ Hilton, Marriott, Shelton  စတာတွေကိုပြေးမြင်မိကျမှာပါ။ HILTON လို့ဆိုလိုက်တာနဲ့ လူတွေရဲ့စိတ်ထဲမှာ 5 stars အဆင့်ရှိ HOTEL & RESORT တွေမှန်းသိကြပါတယ်။  HILTON HOTEL & RESORTS တွေက အခုဆို တိုက်ကြီး ခြောက်ခု၊ နိုငိငံပေါင်း ၈၅ နိုင်ငံ မှာ ဟိုတယ်အလုံးပေါင်း ၅၇၀ ကျော်ကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် Hotels Chain လုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုဆို Hilton Ngapali ဆိုပြီး ရောက်ရှိနေပါပြီ။ ပူပြင်းတဲ့နွေရာသီမှာ ကမ်းခြေကိုသွားပြီး ဟိုတယ်အကောင်းစားမှာ သွားရောက်အနားယူချင်သူတွေအတွက် HILTON NGAPALI RESORT & SPA ရဲ့ REVIEW လေးဖြစ်ပါတယ်။ တည်နေရာ (LOCATION …