Hotel Pyin Oo Lwin ,Review

အေးချမ်းပြီး ချစ်စရာကောင်းတဲ့ ပြင်ဦးလွင်ရဲ့ အငွေ့အသက်တွေ အပြည့်အဝရရှိစေမယ့် ပြင်ဦးလွင်မြို့က ဟိုတယ်ပြင်ဦးလွင်အကြောင်းလေး ဟိုတယ် Review အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ တည်နေရာ ကန်တော်ကြီးဥယျာဉ်နဲ့ အနီးဆုံးဟိုတယ်တွေထဲက တစ်ခုပါပဲ။ ဟိုတယ်က ကန်တော်ကြီးသွားတဲ့လမ်းပေါ်မှာရှိပြီး ကန်တော်ကြီးမရောက်ခင် အကွေ့လေးနားရောက်ရင် ဘယ်ဘက်အခြမ်းမှာရှိတာပါ။ ဟိုတယ်ကနေ ကန်တော်ကြီးအမျိုးသားရုက္ခဗေဒ ဥယျာဉ်ကို ၅ မိနစ်၊ ပြင်ဦးလွင်မြို့ထဲကိုတော့ ကားနဲ့ ၁၀ မိနစ်လောက်ပါပဲ။ ဟိုတယ်အနေအထား Reception အတွင်းထဲဝင်လိုက်တာနဲ့ ပြင်ဦးလွင်က အိမ်အကြီးကြီးတစ်ခုထဲရောက်သွားသလို ခံစားရတယ်။ ကိုလိုနီခေတ်က အသုံးအဆောင်တစ်ချို့ရယ် ခေတ်မှီအပြင်အဆင်တွေနဲ့ ရောယှက်ပြီး ပြင်ဆင်ထားတာ လှပါတယ်။ ဟိုတယ်ခြံဝန်းထဲမှာတော့ ထင်းရှုးပင်၊ ပန်းပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ အေးအေးချမ်းချမ်းရှိပြီး လမ်းအနိမ့်အမြင့်တွေဘေးမှာ သစ်သားအိမ်ဘန်ဂလိုလေးတွေ အစီအရီနဲ့ တည်ဆောက်ထားတာပါ။ ခြံဝန်းထဲမှာလည်း ပြင်ဦးလွင်နာရီစင်၊ ရေတံခွန်၊ ရေကန်ပေါ်မှာ သစ်သားတံတားလေးတွေနဲ့ …

မြန်မာ့ရိုးရာရှင်ပြုပွဲ ဓာတ်ပုံများ

ကျွန်တော်မကွေးဘက်ရောက်တုန်းက ရိုက်ထားတဲ့ မြန်မာ့ရိုးရာရှင်ပြုပွဲ ပုံလေးတွေပါ။ ဒီနေ့ခေတ်မှာ တွေ့ရဖို့မလွယ်တော့တဲ့ (အထူးသဖြင့် ရန်ကုန်မှာ) ရိုးရာဓလေ့ထုံးတမ်းလေးတွေ ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ထားပါတယ်။ ပရိသတ်တွေလဲ ဒီဓာတ်ပုံလေးတွေကြည့်ပြီး ကြည်နူးရလိမ့်မယ်လို့ မျော်လင့်မိပါတယ် ခင်ဗျာ။