My Hpa-Ann Residence by Amata, Hotel Review

ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘားအံမြို့ မှာ အသစ်ဆက်ဆက် အခုမှ ဖွင့်ထားတဲ့ My Hpa-Ann Residence by Amata အတွက် lodggy ရဲ့ Review လေးဖြစ်ပါတယ်။ ဇွဲကပင်တောင်ကြီးရဲ့ အောက်ခြေ သစ်ရိပ်ဝါးရိပ်အောက်မှာ လာမဲ့ နွေရာသီရဲ့အပူကိုရှောင်ရှားလိုတဲ့ ခရီးသွားချစ်သူတွေအတွက် အားလပ်ရက်မှာ သွားရောက်တည်းခိုနိုင်အောင် လက်တို့အသိပေးလိုက်ပါတယ်နော်.. ဟိုတယ်အနေအထား Amata hotel chainရဲ့ Signature တစ်ခုလို့ပြောလို့ရတာက ဟိုတယ်ဝန်းကျင်မှာ စိမ်းစိုတဲ့သစ်ရိပ်ဝါးရိပ်ပေါများတာပါပဲ။ ဒီဟိုတယ်လေးကလဲ ရာဘာတောအုပ်ထဲမှာဆောက်ထားတော့ အရီပ်အာဝါသ ကောင်းပါတယ်။ ဒီရက်ပိုင်းသွားရောက်တည်းခိုခဲ့တာဖြစ်ပြီး မနက်နဲ့ညနေခင်းဆိုရင် အေးအေးလေးနဲ့ နေလို့ကောင်းတယ်.. ရေကူးကန်လည်းရှိတယ် အခုကတော့မပြီးသေးပါဘူး.. ဒီနှစ် (၂၀၂၀) အကုန်ပိုင်းမှာ ဆောက်လုပ်ပြီးစီးမယ်လို့ပြောပါတယ်။မြင်းဆောင်းတန်းလဲဆောက်လက်စ ဖြစ်တယ်လို့ပြောပါတယ်။ မြင်းဆောင်းတန်းပြီးပြီဆိုရင်တော့ ဟိုတယ်တဝိုက်နဲ့ ဇွဲကပင်တောင်ခြေအထိ မြင်းစီးလို့ရမယ်လို့ပြောပါတယ်။မိုးတွင်းပိုင်းဆိုရင်တော့ ဟိုတယ်ဝန်းထဲမှာ ချောင်းလေးတခုလဲ …

မြန်မာပြည်က ဒီဇိုင်းဆန်းဆန်းနဲ့ ဟိုတယ်များ

ခရီးသွားရတာ၊ ဓါတ်ပုံရိုက်ရတာ ဝါသနာပါတယ်ဆိုတဲ့သူတွေအတွက်ဒီတစ်ခါတော့ မြန်မာပြည်တွင်းကထူးထူးခြားခြားလေး ဆောက်ထားတဲ့ဟိုတယ်လေးတွေပြောပြမယ်နော်။ဘယ်ဟိုတယ်လေးတွေဖြစ်မလဲ? ဘယ်ဟိုတယ်လေးတွေကော တည်းဖူးကြလဲ? Agga Pyinoolwin အခုနောက်ပိုင်း ခေတ်စားနေတဲ့ Tiny House အိမ်ပုံစံလေးတွေကိုဆောက်လုပ်ထားတဲ့ ပြင်ဦးလွင်ရဲ့ ပထမဆုံး Tiny House လေးပါ။ ချစ်စရာကောင်းတဲ့ အရောင်စုံအိမ်သေးသေးလေးတွေထဲမှာမှ အိပ်ခန်း၊ ရေချိုးခန်း၊ ဧည့်ခန်းတွေကို ဖွဲ့စည်းထားတာပါ။ အိမ်လေးတွေနဲ့ကော၊ အိမ်အထဲမှာပါ ဓါတ်ပုံရိုက်လို့အရမ်းလှပါတယ်။ မြက်ခင်းစိမ်းစိမ်းလေးပေါ်က ခုံလှလှလေးတွေမှာထိုင်ပြီး အေးချမ်းလှပတဲ့ တောင်ပေါ်မြို့လေးရဲ့ အလှတရားတွေနောက်ကို စီးမျောလို့ရပါတယ်။ Aung Mingalar Island & Floating Hotel (ချောင်းသာ) ချောင်းသာရဲ့ တစ်ခုတည်းသော ရေပေါ်ဟိုတယ်ပါ။ ဖိုးကုလားကျွန်းပေါ်မှာ ရှိပြီး သင်္ဘောပေါ်မှာဆောက်ထားတဲ့ Aung Mingalar Floating Hotel ရယ်၊ အောင်မင်္ဂလာကျွန်းဟိုတယ်ရယ်ဆိုပြီး ၂ မျိုးရှိပါတယ်။ …

Inle Princess Resort Review

Myanmar Version Below ⬇ Nestled in a quiet inlet on the eastern shore of Inle Lake, Inle Princess Resort will wow those who pass its grounds. Under the shadow of Shan Mountain ranges and surrounded by lush tropical gardens, the resort is a gateway to the beautiful lake. Yet, at the same time, it feels …

Hotel Pyin Oo Lwin ,Review

အေးချမ်းပြီး ချစ်စရာကောင်းတဲ့ ပြင်ဦးလွင်ရဲ့ အငွေ့အသက်တွေ အပြည့်အဝရရှိစေမယ့် ပြင်ဦးလွင်မြို့က ဟိုတယ်ပြင်ဦးလွင်အကြောင်းလေး ဟိုတယ် Review အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ တည်နေရာ ကန်တော်ကြီးဥယျာဉ်နဲ့ အနီးဆုံးဟိုတယ်တွေထဲက တစ်ခုပါပဲ။ ဟိုတယ်က ကန်တော်ကြီးသွားတဲ့လမ်းပေါ်မှာရှိပြီး ကန်တော်ကြီးမရောက်ခင် အကွေ့လေးနားရောက်ရင် ဘယ်ဘက်အခြမ်းမှာရှိတာပါ။ ဟိုတယ်ကနေ ကန်တော်ကြီးအမျိုးသားရုက္ခဗေဒ ဥယျာဉ်ကို ၅ မိနစ်၊ ပြင်ဦးလွင်မြို့ထဲကိုတော့ ကားနဲ့ ၁၀ မိနစ်လောက်ပါပဲ။ ဟိုတယ်အနေအထား Reception အတွင်းထဲဝင်လိုက်တာနဲ့ ပြင်ဦးလွင်က အိမ်အကြီးကြီးတစ်ခုထဲရောက်သွားသလို ခံစားရတယ်။ ကိုလိုနီခေတ်က အသုံးအဆောင်တစ်ချို့ရယ် ခေတ်မှီအပြင်အဆင်တွေနဲ့ ရောယှက်ပြီး ပြင်ဆင်ထားတာ လှပါတယ်။ ဟိုတယ်ခြံဝန်းထဲမှာတော့ ထင်းရှုးပင်၊ ပန်းပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ အေးအေးချမ်းချမ်းရှိပြီး လမ်းအနိမ့်အမြင့်တွေဘေးမှာ သစ်သားအိမ်ဘန်ဂလိုလေးတွေ အစီအရီနဲ့ တည်ဆောက်ထားတာပါ။ ခြံဝန်းထဲမှာလည်း ပြင်ဦးလွင်နာရီစင်၊ ရေတံခွန်၊ ရေကန်ပေါ်မှာ သစ်သားတံတားလေးတွေနဲ့ …

BT BAY NGAPALI HOTEL REVIEW

ဒီအပတ် Review ကတော့ ? ပုဂံနဲ့ ကျိုက်ထို တို့မှာ နာမည်ရပြီးသား Bawgatheiddhi Hotel Group ရဲ့ ငပလီကမ်းခြေမှာ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှ အသစ်ဖွင့်ထားတဲ့ BT Bay Ngapali အကြောင်းဖြစ်ပါတယ်။ ??? ? တည်နေရာ BT Bay Hotel ဟာဆိုရင် နာမည်ကျော်ငပလီကမ်းခြေ ⛱တစ်နေရာဖြစ်တဲ့ လင်းသာရွာတွင်တည်ရှိပြီး ဂျိတ်တောလမ်းမကြီး နံဘေး၊ ကမ်းခြေနှင့်အနီးဆုံးနေရာမှာရှိပါတယ်?။ သံတွဲလေဆိပ်ကဆိုလျှင် ၁၀ မိနစ် – (၅)မိုင်ခန့်ကွာဝေးတယ်။ လေဆိပ်မှလာလျှင် ငပလီဂေါက်ကွင်းကို⛳ အရင်တွေ့ရမယ်။ ဟိုတယ်က ဂျိတ်တောလမ်းမကြီးပေါ်?တွင်မှာဆိုပေမဲ့ ကမ်းခြေနှင့်အနီးဆုံးနေရာမှာတည်ရှိသည့် အတွက် ဟိုတယ်လော်ဘီသို့ဝင်လိုက်သည်နှင့်တပြိုင်နက် ကမ်းခြေ၏အလှအပကို ချက်ချင်းခံစားနိုင်မှာပါ။ ? ? ဟိုတယ်အနေအထား ဟိုတယ်အဆောက်အဦက (၃)ထပ် Building Type …

Royal Kalaw Hill Resort or Grey House(Lodggy Hotel Review)

ကလောမြို့က အရင်က လူတွေ ညအိပ် ညနေ လည်ပတ်တဲ့ နေရာတစ်ခုမဟုတ်ခဲ့ပါဘူး .. အခုနှစ်ပိုင်းမှာတော့ ကလောနဲ့ သူ့အနီးနားဝန်းကျင်နေရာတွေက online မှာနာမည်ကြီးလာပီးသွားရောက်လည်ပတ်သူလည်းများလာပါတယ်။ ကလောရဲ့ main attraction တွေကတော့ trekking လုပ်လို့ကောင်းတာရယ် / အေးတဲ့ရာသီဥတုရယ် / ကိုလိုနီခေတ်အဆောက်ဦးတွေပါ . ရှေးဟောင်းအိမ်တွေ ကို ကြိုက်တဲ့သူတွေအတွက်တချို့အဆောက်ဦး တွေကတော့ ဟိုတယ်အနေနဲ့ ပြန်လည်တည်းခိုလို့ရနေပါတယ်။ အဲ့လို ကိုလိုနီခေတ်အဆောက်ဦးပါရှိတဲ့ ဒေသခံတွေက Grey house လို့ သိကြတဲ့ Royal Kalaw Hill Resort ရဲ့ hotel review လေးဖြစ်ပါတယ်။ ? တည်နေရာ location ဟိုတယ်တည်နေရာကတော့ ကလောဘူတာကျော် / အနောက်ဘက် ဘိုကုန်းလို့ခေါ်တဲ့ တောင်ကုန်းမြင့်ပေါ်မှာတည်ရှိတာပါ။ ဒေသခံတွေကို …

AMATA GARDEN RESORT REVIEW (INLE)

“မိသားစုလိုက် အဖွဲ့လိုက် တွေအတွက် မီးလှုံ ဖို့ bon fire လုပ်တဲ့နေရာလည်းပါဝင်ပါတယ်” အခုလို ချမ်းချမ်းစီးစီး ဆောင်းတွင်းလေးမှာ အင်းလေးကို သွားရောက်အပန်းဖြေအနားယူချင်သူတွေအတွက် Amata Garden Resort နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Garden Resort ဆိုတဲ့အတိုင်း တကယ့်ပန်းဥယျာဉ်အကျယ်ကြီးရှိတဲ့ ဟိုတယ်ပါ။ အခုမကြာသေးခင်က လည်း အခန်းသစ်တွေပါတဲ့ သုံးထပ်ဆောင် အဆောက်အုံသစ်ကိုထပ်မံတိုးချဲ့ဖွင့်လှစ်ထားပါတယ်။ ? ဟိုတယ်အနေအထား Amata Garden Resort မှာ ဆိုရင် ဟိုတယ် အဆောင်ဟောင်းရယ်၊ Dec 2018 နှောင်းပိုင်းမှ စဖွင့်တဲ့ အဆောင်သစ်ရယ် ဆိုပြီး ၂ ခုရှိမယ်။ ဟိုတယ်ကိုဝင်လိုက်တာနဲ့ မြေဧကအကျယ်ကြီးမှာ လှပစွာစိုက်ပျိုးထားတဲ့ ပန်းပင်တွေနဲ့ အတူခေတ်မှီဒီဇိုင်းနဲ့ဆောက်လုပ်ထားတဲ့ ဟိုတယ်ကိုတွေ့ရမှာပါ။ ဒီဟိုတယ်မှ ရေကူးကန်ကလည်း ၂ ကန်.. အင်းလေးကန်ကိုမေးတင်ဆောက်ထားတဲ့ရေကူးကန်ရယ်.. …

Hilton Ngapali Resort and Spa Review(MYANMAR)

Luxury Resort လို့လူတွေကိုပြောလိုက်တာနဲ့ စိတ်ထဲမှာ Hilton, Marriott, Shelton  စတာတွေကိုပြေးမြင်မိကျမှာပါ။ HILTON လို့ဆိုလိုက်တာနဲ့ လူတွေရဲ့စိတ်ထဲမှာ 5 stars အဆင့်ရှိ HOTEL & RESORT တွေမှန်းသိကြပါတယ်။  HILTON HOTEL & RESORTS တွေက အခုဆို တိုက်ကြီး ခြောက်ခု၊ နိုငိငံပေါင်း ၈၅ နိုင်ငံ မှာ ဟိုတယ်အလုံးပေါင်း ၅၇၀ ကျော်ကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် Hotels Chain လုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုဆို Hilton Ngapali ဆိုပြီး ရောက်ရှိနေပါပြီ။ ပူပြင်းတဲ့နွေရာသီမှာ ကမ်းခြေကိုသွားပြီး ဟိုတယ်အကောင်းစားမှာ သွားရောက်အနားယူချင်သူတွေအတွက် HILTON NGAPALI RESORT & SPA ရဲ့ REVIEW လေးဖြစ်ပါတယ်။ တည်နေရာ (LOCATION …

THE LINK Yangon Boutique Hotel Review

This week, we will be looking at compact and ultra slick hotel; The Link Yangon Boutique Hotel. The Link belongs to Eden Hotel Groups’ Boutique Hotel Concept which has one hotel in Yangon and 2 hotels in Mandalay. Location The Link Hotel is located on New University Ave road. The road is adjacent to Sayar San …

PINE HILL RESORT AT KALAW:SCENIC MOUNTAIN VIEWS

    Pine Hill Resort Review ( Kalaw ) ဆောင်းရာသီ ကတော့ တောင်ပေါ်မြို့တွေဖြစ်တဲ့ မေမြို့ ၊ တောင်ကြီး ၊ ကလော သွားရောက်အပန်းဖြေဖို့ အကောင်းဆုံးအချိန်တွေပေါ့ .. ဘာကြောင့်လဲဆိုတော့ ရာသီဥတုက အေးတယ် ၊သာယာတယ်..ပြီးတော့ ချယ်ရီပန်းပွင့်တဲ့ အချိန်..အသီးဆိုလည်း စတော်ဘယ်ရီတို့၊ထောပတ်သီး တို့ ရတာဆိုတော့ အချိန်ခါကောင်းပါပဲ။   ကျွန်တော် ကတော့ ကလော ဘက်သွားဖြစ်ခဲ့တယ် ။ ကလော ကလည်း အရင်ကတော့ တောင်ကြီးနဲ့ မြေပြန့်ကို ကူးလူးနေတဲ့ ကုန်တင်ယာဉ်တွေ၊ ခရီးသွားယာဉ်တွေ လမ်းတထောက်နားတဲ့ တောင်စခန်းမြို့လေး ကနေအခုတော့ ဆောင်းရာသီ အပန်းဖြေစရာ Resort မြို့ ဖြစ်နေပါပြီ။ ဟိုတယ် တွေလည်း တောင်ပေါ်တွေမှာရော …