Things to do in Thandwe သို့မဟုတ် သံတွဲသို့သွားလည်ခြင်း အနုပညာ

များသောအားဖြင့် ကျွန်တော်တို့တွေဟာ ငပလီကမ်းခြေကို ခရီးထွက်ကြပြီဆို သံတွဲကို ဝင်မလည်တာ၊ သံတွဲကို မရောက်ဖြစ်တာ များပါတယ်။ သံတွဲမှာ လည်စရာမရှိဘူး၊ သံတွဲမှာ ပျော်စရာ၊လေ့လာစရာတွေမရှိဘူးလို့ ထင်ကြတာများပါတယ်။ တကယ်လို့များ ခရီးတွေပြန်ထွက်ရလို့ ငပလီကမ်းခြေကိုရောက်ခဲ့မယ်ဆို သံတွဲမှာ ဘာတွေလုပ်လို့ရမလဲဆိုတာကို ကျွန်တော်တို့ Lodggy.com မှ ခရီးသွားရင်း လေ့လာရ ပျော်ရတာကို နှစ်သက်ကြတဲ့ ခရီးသွား ချစ်သူများအတွက် မြန်မာပြည်အဖိုးတန်များမှတစ်နေရာ သို့မဟုတ် သံတွဲမြို့မှ လည်စရာများကို ကိုယ်တွေ့အတွေ့အကြုံများနှင့်တကွ ပြောပြပေးချင်ပါတယ်ခင်ဗျာ။ သမိုင်းဝင် ဆံတော်၊နံတော်၊အံတော် စေတီတော် Things to do in Thandwe ဆိုတဲ့ Topic နဲ့အတူ သံတွဲမြို့ကို လည်တော့မယ် ဆို ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကျော်သွားလို့မရတာကတော့ ဒွါရာဝတီ-သံတွဲမြို့ရဲ့ သမိုင်းဂုဏ်ဆောင် ဆံတော်၊နံတော်၊အံတော် စေတီတော်တွေပါပဲ။ ပထမဆုံးအနေနဲ့ …

အေးချမ်းလှပတဲ့ တည်းခိုစရာ နေရာများ

ခရီးတွေပြန်ထွက်လို့ရရင် ဒီနေရာမျိုးလေးတွေမှာတည်းမယ်။သီးသန့်လေးနဲ့ လှပတယ်.. အေးချမ်းတယ်..ဒီလိုနေရာလေးတွေမှာ ချစ်ရသူတွေနဲ့အတူ အချိန်တွေကုန်ဆုံးခွင့်ရသူတွေအတွက်တော့..?ရင်ထဲ လိပ်ပြာအကောင်တစ်သန်းလောက် ထပျံနေသလိုနေမှာပါ..? 1.Agga Pyinoolwin?အခုနောက်ပိုင်း ခေတ်စားနေတဲ့ Tiny House အိမ်ပုံစံလေးတွေကိုဆောက်လုပ်ထားတဲ့ ပြင်ဦးလွင်ရဲ့ ပထမဆုံး Tiny House လေးပါ။ ချစ်စရာကောင်းတဲ့ အရောင်စုံအိမ်သေးသေးလေးတွေထဲမှာမှ အိပ်ခန်း၊ ရေချိုးခန်း၊ ဧည့်ခန်းတွေကို ဖွဲ့စည်းထားတာပါ။ အိမ်ပုံစံလေးတွေလည်း အမျိုးစုံပါပဲ။ အိမ်လေးတွေနဲ့ကော၊ အိမ်အထဲမှာပါ ဓါတ်ပုံရိုက်လို့အရမ်းလှပါတယ်။ မြက်ခင်းစိမ်းစိမ်းလေးပေါ်က ခုံလှလှလေးတွေမှာထိုင်ပြီး အေးချမ်းလှပတဲ့ တောင်ပေါ်မြို့လေးရဲ့ အလှတရားတွေနောက်ကို စီးမျောနိုင်မှာပါ။ ဈေးနှုန်းကတော့ ၂ ယောက်ခန်းကို ၃၅၀၀၀ ကျပ်ဝန်းကျင်ကနေစရှိပါတယ်။?လိပ်စာ – လမ်းသာယာလမ်း သစ္စာလမ်းသွယ်၊ ဂန္ဓမာမြိုင်ပန်းခြံနှင့် မြို့ပတ်လမ်း (ကန်တော်ကြီးအဝိုင်း) အနီး၊ ပြင်ဦးလွင်မြို့။ 2.TeaStory – Pyinoolwin?ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အနီး လက်ဖက်ခြံလေးထဲ Tent …

ဘာနည်းပညာအကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ”ရွှေဘတောင်”

အံသြရပါပေတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုနေရာရှိနေတယ်ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်းဂုဏ်ယူမိပါတယ်။ နှစ်ပေါင်း ၉၀၀တိုင်အောင် ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ရွှေဘတောင်ဟာ နောင်တစ်ချိန်ကို သွားရောင်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲကတေးမှတ်ထားရမဲ့နေရာပါပဲ။

ကြီးမားတဲ့ကျောက်တုံးကျောက်ဆောင်အလှတရားတွေနဲ့ Boulder Island (မြိတ်ကျွန်းစု)

မြန်မာနိုင်ငံရဲ့တောင်ဘက်စွန်း ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ မြိတ်ကျွန်းစုက ဖြူလွှလွှသဲသောင်ပြင်ရှိတဲ့ကျွန်းတွေ၊ စိမ်းပြာရောင် ကြည်လင်သန့်ရှင်းနေတဲ့ ရေပြာပြာတွေ၊ ရေပေါ်ရေအောက် သတ္တဝါတွေ၊ သန္တာ ကျောက်တန်း နဲ့ လှပတဲ့ကမ်းခြေတွေ ပြည့်နှုက်နေတဲ့ ကျွန်းတွေနဲ့ဖွဲ့စည်းထားပါတယ်။ ငခင်ညိုကြီးကျွန်းဆိုတာ မြိတ်ကျွန်းစုများရဲ့ အနောက်ဘက်အကျဆုံး ကျွန်းတစ်ခုဖြစ်ပြီး ကော့သောင်းမြို့နဲ့ ရေမိုင်အဝေးဆုံးမှာရှိတဲ့ ကျွန်းတစ်ခုပါ။ ကော့သောင်းမြို့နဲ့ ရေမိုင် (၄၈) မိုင်ကွာဝေးပြီး ကော့သောင်း လှေဆိပ်မှ ၂ နာရီခန့် လှေစီးရမှာဖြစ်ပါတယ်။ ထူးဆန်းလှပနေတဲ့ ကြီးမားတဲ့ကျောက်တုံးကျောက်တောင်ကြီးတွေ၊ လှပသောကျောက်တုံးများနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ခုမို့ Boulder Island လို့လည်းခေါ်ပါတယ်။ မြိတ်ကျွန်းစုထဲကဆိုပေမယ့် ကော့သောင်းကနေ သွားရင်ပိုနီးပါတယ်။ ကျွန်းတစ်ခုလုံးမှာ boulder bay ရဲ့ကမ်းခြေအပြင် တခြား ရေကူးလို့ရတဲ့ ကမ်းခြေပုံစံ အသေး ၃ ခုလောက်ထပ်ရှိပါသေးတယ်။ Boulder …

နှစ်(၁၀၀) Church ကျောင်းလို့ လူသိများတဲ့ လေ့လာစရာကလောမြို့ရဲ့နှစ်ဆွေး Church ကျောင်း

ရာစုနှစ်တွေပြောင်းလာတာနှင့်အမျှ နှစ်ဆွေးလာတဲ့အရာတွေက အဖိုးတန်လာလေပဲမဟုတ်လား။ ကလောမြို့လို မြန်မာနိုင်ငံရဲ့ထိပ်တန်းခရီးသွားနေရာမှာလဲ ဒီလိုနှစ်ဆွေးနေတဲ့ အဖိုးတန်အရာတစ်ခုရှိတယ်ဆိုတာ ခရီးသွားတွေအတွက်လေ့လာစရာနေရာအပြင် ဒေသခံတွေအတွက်လဲဂုဏ်ယူစရာပါပဲ။

ဘန့်ဘွေးကျင်းရေတံခွန်

စွန့်စားခရီးသွားချင်သူတွေအတွက် ရင်သပ်ရှုမောဖွယ်အလှတွေနဲ့“ဘန့်ဘွေးကျင်းရေတံခွန်”.ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ တည်ရှိတဲ့ ဘန့်ဘွေးကျင်းရေတံခွန်က နောင်ချိုအပိုင် သပြေဒိုးရွာနဲ့ ဘန့်ဘွေးကျင်းရွာကြားမှာ ရှိတာပါ။ ဒေသအခေါ် ရှမ်းဘာသာစကားနဲ့ နမ့်တန်း ရေတံခွန် ( မောင်နှံခုနှစ်ဖော်ရေတံခွန် ) ဟုလည်းခေါ်ဆိုကြပါတယ်။ ဘန့်ဘွေးကျင်းရေတံခွန်ကို ကား၊ ဆိုင်ကယ်တို့နဲ့သွားမယ်ဆို ပြင်ဦးလွင် – မိုးကုတ်လမ်းဟောင်းကနေ လွယ်လိတ်ကျေးရွာဆိုင်းဘုတ်အထိ တစ်နာရီလောက် ကားမောင်းသွားရမှာဖြစ်ပြီး အဲ့ဒီကတဆင့် နာရီဝက်လောက်ထပ်သွားရင် ဘန့်ဘွေးကျင်း ရေတံခွန်ကို ရောက်ရှိမှာပါ။သဘာဝရူခင်းတွေ ဝန်းရံထားတဲ့ ရေတံခွန်ကိုအပေါ်စီးကနေ ကြည့်ရှုနိုင်သလို ရေတံခွန်အောက်ခြေမှာ ဆို အထပ်ထပ်ဖြစ်နေတဲ့ ရေကန်ငယ်တွေကို တွေ့ရဦးမှာပါ။ မြင့်မားလှတဲ့တောင်နံရံကြီးဆီကနေ စီးကျနေတဲ့ ဘန့်ဘွေးကျင်း ရေတံခွန်ရဲ့ ရင်သပ်ရှုမောဖွယ်အလှကတော့ မောပန်းသမျှကို မေ့လျော့သွားစေမှာပါ။ ရှုခင်းတွေက အရမ်းလှသလို ဆည်တော်ကြီးဆည်အလှကိုလည်း တွေ့မြင်နိုင်အုံးမှာပါ။ ရေတံခွန်အောက်ခြေရောက်ဖို့ဆိုရင်တော့ အဆင်းကို တစ်နာရီဝန်းကျင်ကြာဆင်းရမှာပါ။ လမ်းတွေကတော့ ချောက်တွေဘေး၊ …

ဘုရားအဆူပေါင်း (၃၀၁)ဆူကိုဖူးမြော်နိုင်တဲ့ မှော်ဘီကဂျပန်ဘုရား

ဒီနေ့တော့ လေလိုင်းပေါ်ကနေ Lodggy.com နဲ့အတူ ဘုရားဖူးထွက်ရအောင်ဗျာ။ ရန်ကုန်ကနေ ၁၀မိုင်သာဝေးတဲ့နေရာ မှော်ဘီမြို့မှာတည်ရှိပြီး လူနေထူထပ်တဲ့ရန်ကုန်မှာတော့ ဒီဘုရားဖူးခရီးစဥ်လေးက နာမည်ကြီးပါတယ်။ ဘုရားပေါင်း အဆူ ၃၀၁ဆူရှိပြီး ထို ၃၀၁ဆူလုံးကို ဂျပန်လူမျိုး မစ္စတာ ခစုယုခိခုမနိုက အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းမှ အောင်ဇဗ္ဗူဆရာတော်အားကြည်ညိုလွန်းသဖြင့် တရားစခန်းလာရောက်ဝင်နေတုန်း လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ဂျပန်လူမျိုးလှူဒါန်းခဲ့သောကြောင့် ဂျပန်ဘုရားဟုအမည်တွင်ခဲ့ခြင်းဖြစ်လေသည်။ အဆူပေါင်း ၃၀၁ဆူလုံးမှာ မတူညီတဲ့ထူးထူးခြားခြားအကျိုးပေးမှုတွေရှိတယ်လို့ဆိုကြပါတယ်။ တစ်ချို့သော ဘုရားအဆူတွေဟာ နှစ်ပေါင်းရာချီရှိနေပါပြီ။ ဘုရားတွေကိုဖူးခွင့်ကြုံပါက ရောဂါဘယကင်းဝေးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတာရပြီး မိသားစုနဲ့အတူနေခွင့်ရတယ်၊ ရန်အပေါင်းမှကင်းဝေးတယ်၊ ပညာရေးအဆင်ပြေတယ် စသည်ဖြင့် ယုံကြည်မှုတွေရှိကြပါတယ်။ ဒါ့ကြောင့် ဂျပန်ဘုရားကို လာရောက်ဖူးမြော်သူများမှာ ရန်ကုန်မှသာမက နယ်ဝေးဒေသအရပ်မှသူများလည်းလာရောက်ကြပါသည်။ အရင်ကတိတ်ဆိတ်ပြီးအေးဆေးပြီး လာရောက်သူနည်းပါးတဲ့ အောင်ဇဗ္ဗူကျောင်းဟာ ဘုရားအဆူ ၃၀၁ဆူကြောင့် နေ့စဥ်အပတ်စဥ် ဘုရားဖူးတွေနဲ့တအားစည်ကားလှပါတယ်။ စည်ကာားတဲ့အလျောက် စည်းကမ်းလည်းရှိကြပါတယ်။ …

ပုဂံနံရံဆေးရေးပန်းချီလေ့လာသင့်တဲ့ဘုရား အပိုင်း ၁

ပုဂံမြေကိုအလည်တခေါက်ရောက်ဖူးသူတိုင်း ဂူဘုရားတွေ၊ ဥမင်အတွင်းတွေမှာ နံရံဆေးရေးပန်းချီတွေခြယ်မှုန်းအလှဆင်ထားတာကို တွေ့မြင်ဖူးမှာပါ။ ဒီပန်းချီတွေမှာထဲမှာဆိုရင် ဇာတ်နိပါတ်ဆိုင်ရာ ရုပ်ပုံဘုရားဆင်းတုများ၊ အနောဝတအိုင် စတဲ့ပုံတွေအစရှိသည်ဖြင့်တွေ့ရမှာပါ။ ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ပုံတွေဆိုသော်လည်း မဟာယနဆိုင်ရာ ဗုဒ္ဓဘာသာပန်းချီတွေ၊ ဗောဓိသတ္တပုံတွေကိုလည်းတွေ့ရပါတယ်။ ဆေးအနေနဲ့ အဝါရောင်အတွက် ဆေးဒါန်း (Arsenic Trisulphide)၊ အနီရောင်အတွက် ဟင်္သာပြဒါး(Mercuric Sulphide)၊ အပြာရောင်အတွက် ဒုတ္တာ၊ လိမ္မော်ရောင်အတွက် ဆုန်း (Triplumbic Tetraoxide)၊ အဖြူရောက်အတွက် မြေဖြူ (Calcium carbonate)၊ အနက်ရောင်အတွက် ရေနံချေး မင်အရောများကို သုံးစွဲကြပါတယ်။ ပုဂံဆေးရေးပန်းချီများဆိုတာ ပုဂံခေတ် ပုဂံသားတို့ရဲ့ကိုယ်ပိုင် ဟန်တွေဆိုပေမဲ့ မူလနည်းယူရာမှာ အိန္ဒိယပြည်အရှေ့ ဘင်္ဂလားနယ်တဝိုက်ကြီးစိုးခဲ့သော ပါလမင်း၊ သေနမင်းလက်ထက် က အနုပညာများကိုမှီခိုထားတာကို လေ့လာရပါတယ်။ အပိုင်း ၁ အနေနဲ့ ပုဂံနံရံဆေးရေးပန်းချီလေ့လာသင့်တဲ့ဘုရား တွေကိုစုစည်းတင်ပြလိုက်ပါတယ်။ …

ရှိမ်းမကား (သို့) မင်းတုန်းမင်း၏ ကျောင်းတော်

ရတနာပုံခေတ်ကို လှမ်းမျှော်ကြည့်ဖို့အတွက် မန္တလေးအပြင် နေရာတစ်ခုရှိနေပါတယ်။
ဂမ္ဘီရဆန်ဆန် နာမည်တစ်ခု
ဒီနေရာကိုတော့ ရှိမ်းမကားလို့ ခေါ်ပါတယ်။

သဘာဝကြီးကဖန်တီးပေးတဲ့ နီယွန်ရောင် Northern Light သို့မဟုတ် Aurora

ဒီနေ့ Lodggy.com ရဲ့ ခရီးသွားလေးတွေကို ကမ္ဘာကြီးရဲ့အစွန်းပိုင်းတွေမှာသာတွေ့ရတတ်တဲ့ Northern Light (Aurora) တွေအကြောင်းတွေကို ဗဟုသုတအနေနဲ့ ပြန် Share ပေးချင်ပါတယ်။ ခရီးသွားရတာကို နှစ်သက်တဲ့ လူသားတွေဟာ သိပ်လှပတဲ့နေရာသစ်တွေကို ချစ်တဲ့သူတွေနဲ့ သွားရတာသဘောကျကြမှာပါ။ အခုပြောပြပေးမဲ့ Aurora နဲ့ Aurora တွေရှိမဲ့ နေရာဟာလည်းသိပ်ကိုလှပတာမို့ ဒီ Blog လေးကိုဖတ်ပြီး နောင်တစ်ချိန်ခရီးသွားဖို့ ရည်ရွယ်နိုင်ပါတယ်။ Aurora ဆိုတာ Northern Light , Southern Light ဒါမှမဟုတ် Polar Light လို့လဲ ခေါ်ကြတဲ့ Aurora တွေဆိုတာ နေမှလွင့်လာသော Electron တွေနှင့် Protons အမှုန်တွေက ကမ္ဘာကြီးရဲ့ ဆွဲအားကြောင့် လေထုထဲမှ Oxygen နှင့် Nitrogen …