ကြီးမားတဲ့ကျောက်တုံးကျောက်ဆောင်အလှတရားတွေနဲ့ Boulder Island (မြိတ်ကျွန်းစု)

မြန်မာနိုင်ငံရဲ့တောင်ဘက်စွန်း ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ မြိတ်ကျွန်းစုက ဖြူလွှလွှသဲသောင်ပြင်ရှိတဲ့ကျွန်းတွေ၊ စိမ်းပြာရောင် ကြည်လင်သန့်ရှင်းနေတဲ့ ရေပြာပြာတွေ၊ ရေပေါ်ရေအောက် သတ္တဝါတွေ၊ သန္တာ ကျောက်တန်း နဲ့ လှပတဲ့ကမ်းခြေတွေ ပြည့်နှုက်နေတဲ့ ကျွန်းတွေနဲ့ဖွဲ့စည်းထားပါတယ်။ ငခင်ညိုကြီးကျွန်းဆိုတာ မြိတ်ကျွန်းစုများရဲ့ အနောက်ဘက်အကျဆုံး ကျွန်းတစ်ခုဖြစ်ပြီး ကော့သောင်းမြို့နဲ့ ရေမိုင်အဝေးဆုံးမှာရှိတဲ့ ကျွန်းတစ်ခုပါ။ ကော့သောင်းမြို့နဲ့ ရေမိုင် (၄၈) မိုင်ကွာဝေးပြီး ကော့သောင်း လှေဆိပ်မှ ၂ နာရီခန့် လှေစီးရမှာဖြစ်ပါတယ်။ ထူးဆန်းလှပနေတဲ့ ကြီးမားတဲ့ကျောက်တုံးကျောက်တောင်ကြီးတွေ၊ လှပသောကျောက်တုံးများနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ခုမို့ Boulder Island လို့လည်းခေါ်ပါတယ်။ မြိတ်ကျွန်းစုထဲကဆိုပေမယ့် ကော့သောင်းကနေ သွားရင်ပိုနီးပါတယ်။ ကျွန်းတစ်ခုလုံးမှာ boulder bay ရဲ့ကမ်းခြေအပြင် တခြား ရေကူးလို့ရတဲ့ ကမ်းခြေပုံစံ အသေး ၃ ခုလောက်ထပ်ရှိပါသေးတယ်။ Boulder …