ဘန့်ဘွေးကျင်းရေတံခွန်

စွန့်စားခရီးသွားချင်သူတွေအတွက် ရင်သပ်ရှုမောဖွယ်အလှတွေနဲ့“ဘန့်ဘွေးကျင်းရေတံခွန်”.ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ တည်ရှိတဲ့ ဘန့်ဘွေးကျင်းရေတံခွန်က နောင်ချိုအပိုင် သပြေဒိုးရွာနဲ့ ဘန့်ဘွေးကျင်းရွာကြားမှာ ရှိတာပါ။ ဒေသအခေါ် ရှမ်းဘာသာစကားနဲ့ နမ့်တန်း ရေတံခွန် ( မောင်နှံခုနှစ်ဖော်ရေတံခွန် ) ဟုလည်းခေါ်ဆိုကြပါတယ်။ ဘန့်ဘွေးကျင်းရေတံခွန်ကို ကား၊ ဆိုင်ကယ်တို့နဲ့သွားမယ်ဆို ပြင်ဦးလွင် – မိုးကုတ်လမ်းဟောင်းကနေ လွယ်လိတ်ကျေးရွာဆိုင်းဘုတ်အထိ တစ်နာရီလောက် ကားမောင်းသွားရမှာဖြစ်ပြီး အဲ့ဒီကတဆင့် နာရီဝက်လောက်ထပ်သွားရင် ဘန့်ဘွေးကျင်း ရေတံခွန်ကို ရောက်ရှိမှာပါ။သဘာဝရူခင်းတွေ ဝန်းရံထားတဲ့ ရေတံခွန်ကိုအပေါ်စီးကနေ ကြည့်ရှုနိုင်သလို ရေတံခွန်အောက်ခြေမှာ ဆို အထပ်ထပ်ဖြစ်နေတဲ့ ရေကန်ငယ်တွေကို တွေ့ရဦးမှာပါ။ မြင့်မားလှတဲ့တောင်နံရံကြီးဆီကနေ စီးကျနေတဲ့ ဘန့်ဘွေးကျင်း ရေတံခွန်ရဲ့ ရင်သပ်ရှုမောဖွယ်အလှကတော့ မောပန်းသမျှကို မေ့လျော့သွားစေမှာပါ။ ရှုခင်းတွေက အရမ်းလှသလို ဆည်တော်ကြီးဆည်အလှကိုလည်း တွေ့မြင်နိုင်အုံးမှာပါ။ ရေတံခွန်အောက်ခြေရောက်ဖို့ဆိုရင်တော့ အဆင်းကို တစ်နာရီဝန်းကျင်ကြာဆင်းရမှာပါ။ လမ်းတွေကတော့ ချောက်တွေဘေး၊ …

ဟိုက်ပါ ရေတံခွန်

ဟိုက်ပါ ရေတံခွန် (သို့) အရှေ့တောင်အာရှရဲ့ အလှဆုံးရေတံခွန်တွေထဲကတစ်ခုဟိုင်ပါရေတံခွန်က အရှေ့တောင်အာရှမှာ အလှဆုံးရေတံခွန်တွေထဲတစ်ခုလို့ တင်စားရလောက်အောင် တကယ်ပဲလှပတဲ့ ရေတံခွန်တစ်ခုပါ။ အရင်တုန်းက လူသိမများခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာတာရယ်၊ အွန်လိုင်းအသုံးပြုမှုများလာတာကြောင့် Travel blogger တွေ၊ ခရီးသွားအချင်းချင်း Social Media ထက်မှာ ပြန်လည်ဝေမျှတာကတဆင့် လူသိများလာကာ မြန်မာပြည်အရပ်ရပ်မှ သွားရောက်လည်ပတ်သူတွေအရမ်းများလာတဲ့ ရေတံခွန်တစ်ခုပါ။ ဟိုင်ပါရေတံခွန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှုးမြို့နယ် အနောက်တောင်ဘက် ၁၂ မိုင်အကွာ ဟိုက်ပါကျေးရွာအနီးမှာ တည်ရှိလို့ ဟိုက်ပါရေတံခွန်လို့ ခေါ်ကြပါတယ်။ ဟိုင်ပါရေတံခွန်ကို တောင်ကြီးမြို့ကနေဆို ၆ နာရီကျော်လောက် ကားမောင်းသွားရပါတယ်။ တောင်ကြီးကနေ လွိုင်လင်၊ လွိုင်လင်ရောက်ရင် လဲချားလမ်းဘက်ချိုးပြီး လဲချား – ကျေးသီးလမ်းအတိုင်းသွားလို့ရပါတယ်။ လဲချားလမ်းအတိုင်းမသွားချင်ဘူးဆိုရင်တော့ လွိုင်လင်ကနေ တည့်တည့် နမ့်စန်ဘက်ကိုသွားပြီး နမ့်စန် …

သွားလည်ချင်စရာ ရေတံခွန်များ

ကျွန်တော်တို့မြန်မာနိုင်ငံက ကမ်းခြေတွေ၊ ရှေးဟောင်းဘုရားတွေ၊ တောင်တန်းတွေ၊ ရင်သပ်ရှုမောဖွယ် ရေကန်များ၊ ရေတံခွန်တွေနဲ့ လည်ပတ်စရာစုံလင်တဲ့ နိုင်ငံတစ်ခုပါ။အေချမ်းတဲ့တောတောင်အလှတွေခံစားချင်သူတွေ၊ ရေတံခွန်ထဲ ရေကူးရတာ၊ တဝေါဝေါစီးကျနေတဲ့ ရေတံခွန်ထဲ ချစ်ရသူတွေနဲ့ ဓါတ်ပုံတွေရိုက်၊ ရေကစားရတာလည်း ပျော်ဖို့ကောင်းပါတယ်။ ရေတံခွန် ရေစီးကျသံတွေက ဘဝအမောတွေကို ပြေလျော့သွားစေမှာပါ။ဒီတစ်ခါတော့ လည်ပတ်ချင်စရာ ရေတံခွန်လေးတွေကို ပြောပြပေးမယ်နော်။ ၁။ ဟိုက်ပါ ရေတံခွန် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှုးမြို့နယ် အနောက်တောင်ဘက် ၁၂ မိုင်အကွာ ဟိုက်ပါကျေးရွာအနီးမှာ တည်ရှိလို့ ဟိုက်ပါရေတံခွန်လို့ ခေါ်ကြပါတယ်။ တောင်ကြီးမြို့ကနေဆို ၆ နာရီကျော်လောက် ကားမောင်းသွားရပါတယ်။ မြန်မာပြည်မှ တခြားရေတံခွန်တွေနဲ့မတူညီတာက အလျားကျယ်ပြန့်ပြီး ရေတံခွန်အဆင့်ဆင့်နဲ့မို့ ပန်းချီကားတစ်ချပ်အလား တမူထူးခြားလှနေတဲ့ရေတံခွန်ဖြစ်ပါတယ်။ ၂။ ဓါတ်တော်ချိုင့် ရေတံခွန် ဓါတ်တော်ချိုင့်ရေတံခွန်က ပြင်ဦးလွင် အနီးစခန်းကျေးရွာမှာ တည်ရှိတာဖြစ်ပြီး ပြင်ဦးလွင်မြို့ထဲကနေဆို …