LODGGY
  • Home
  • English
  • Myanmar
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
LODGGY
Subscribe
LODGGY
  • Home
  • English
  • Myanmar
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
  • Kalaw
  • Knowledge
  • Myanmar
  • Shan State

နှစ်(၁၀၀) Church ကျောင်းလို့ လူသိများတဲ့ လေ့လာစရာကလောမြို့ရဲ့နှစ်ဆွေး Church ကျောင်း

  • September 18, 2020
  • 1 minute read
  • Eyint Kyi Pyar Zaw

ရာစုနှစ်တွေပြောင်းလာတာနှင့်အမျှ နှစ်ဆွေးလာတဲ့အရာတွေက အဖိုးတန်လာလေပဲမဟုတ်လား။ ကလောမြို့လို မြန်မာနိုင်ငံရဲ့ထိပ်တန်းခရီးသွားနေရာမှာလဲ ဒီလိုနှစ်ဆွေးနေတဲ့ အဖိုးတန်အရာတစ်ခုရှိတယ်ဆိုတာ ခရီးသွားတွေအတွက်လေ့လာစရာနေရာအပြင် ဒေသခံတွေအတွက်လဲဂုဏ်ယူစရာပါပဲ။

ရှမ်းပြည်နယ်ရဲ့တောင်ပိုင်းမှာရှိနေတဲ့ ကလောမြို့လေးဟာ ခရီးသွားရာသီတင်မကပဲ အချိန်တိုင်းကို ခရီးသွားတဲ့သူတွေအပြည့်ရှိနေတဲ့ အေးချမ်းတဲ့တောင်ပေါ်မြို့လေးပါ။ လည်ပတ်စရာနေရာလည်းပေါများပြီး နိုင်ငံခြားသားခရီးသွားတွေပါမျက်စိကျရတဲ့နေရာလဲဖြစ်ပါတယ်။ ကလောမြို့ရဲ့လည်ပတ်စရာတွေထဲ Church တွေကလဲအပါအဝင်ဖြစ်ပါတယ်။ Kayin Baptist Church, Saint Catherine Anglican Church နှင့် Christ The King Church တို့ဟာကလောမြို့ရဲ့အထင်ကရ Church ကျောင်းများဖြစ်ကြပြီး လူတွေအသိများတဲ့ နှစ်(၁၀၀) Church ကျောင်းဆိုသည်မှာ Christ The King Church ဖြစ်ပါတယ်။

ADVERTISETMENT

နှစ်(၁၀၀) Church ကျောင်းလို့ လူသိများပေမယ့် တကယ်တော့ Church ကျောင်းကြီးဟာ နှစ်(၁၀၀)မပြည့်သေးပါဘူး။ ၁၉၃၀ ခုနှစ်ဝန်းကျင်ကအီတလီသာသနာပြုဘုန်းတော်ကြီးအဖ ဘိုလ်ဒရီနီကဆောက်လုပ်တည်ထောင်ထားခြင်းဖြစ်ပါတယ်။ ဒုတိယဖာသာကတော့ အိန္ဒိယနွယ်ဖွား ဖာသာ အန်ဂျီလို ဒီမီရို ဖာသာ ပေါလ်ဖြစ်ပါတယ်။ တတိယဖာသာကတော့ အိန္ဒယလူမျိုး ဖာသာ ပေါလ်ဖြစ်ပါတယ်။ ဖာသာ(၃)ဆက်တိုင်ပြီဖြစ်ပါတယ်။

photo credit to @auroranectar

အင်္ဂလိပ်တွေတည်ခဲ့တဲ့ကလောမှာ နှစ်အကြာကြီးရှိတဲ့ Church ကျောင်းမို့ ဗိသုကာလက်ရာတွေကလဲ ကိုလိုနီခေတ်လက်ရာတွေဖြစ်နေပါတယ်။ ကိုလိုနီခေတ်က တည်ဆောက်ပုံတွေနဲ့ Church ကျောင်းကြီးဟာ အပြင်ဘက်မှ ခန့်ညားနေပြီး အတွင်းဘက်ကလည်း ကြီးကျယ်ခမ်းနားနေပါတယ်။ Church ကျောင်းကြီးရဲ့မျက်နှာချင်းဆိုင်မှာ အ.ထ.က ၂ ကလောကျောင်းရှိပြီး အပေါ်နားမှာတော့ Pine Hill Resort ရှိပါတယ်။ ကျောင်းကြီးဘေးမှာ ထင်းရှူးတောကြီးရှိနေပြီး တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အရင်ကတော့ ခရီးသွားတွေကို Church ကျောင်းထဲကို ဝင်ရောက်လည်ပတ်ခွင့်ပြုပြီး နောက်ပိုင်းမှာတော့ ဘုရားရှစ်ခိုးဝတ်ပြုမည့်သူများကိုသာ ဝင်ခွင့်ပေးပါတော့သည်။

photo credit to @signaturechannel

ကျောင်းကနေ ဆက်သွားမယ်ဆို ကလောနာရီစင်၊ ကလောစျေး တို့ကို နီးနီးနားနားသွားရောက်လည်ပတ်နိုင်ပါသေးတယ်။ ကလောရောက်ဖြစ်ခဲ့ရင် Christ The King Church ကို ဝင်ရောက်လေ့လာကြည့်ကြပါ။

ADVERTISETMENT

Related Topics
  • Church
  • Religion
Eyint Kyi Pyar Zaw

You May Also Like
Read More
  • Around Myanmar
  • Sagaing
  • Uncategorized

နှစ်ပေါင်း (၁၀၀)တိုင်အောင် ကိုလိုနီခေတ်နှောင်းဗိသုကာလက်ရာတွေနဲ့ အသက်ဝင်နေဆဲ ဝက်မစွတ်ကျောင်း~

  • January 12, 2021
  • Eyint Kyi Pyar Zaw
Read More
  • City Guides
  • Guides

ဘာလို့ အခုအချိန် Staycation သွားသင့်လဲ?

  • December 17, 2020
  • Waiyan Min Thant
Read More
  • City Guides
  • Recommendation
  • Travel Tips

Why you should go on a Staycation now?

  • December 17, 2020
  • Waiyan Min Thant
Read More
  • advantages
  • Beach
  • Ngapali
  • Ngwe Saung

ပင်လယ်ရေကူးခြင်း၊ ပင်လယ်ရေထိတွေ့ခြင်း ကောင်းကျိုးများ~

  • December 4, 2020
  • Eyint Kyi Pyar Zaw
Read More
  • Guides
  • Myanmar

Things to do in Thandwe သို့မဟုတ် သံတွဲသို့သွားလည်ခြင်း အနုပညာ

  • October 2, 2020
  • Eyint Kyi Pyar Zaw
Read More
  • Hotel Promotions
  • Myanmar

အေးချမ်းလှပတဲ့ တည်းခိုစရာ နေရာများ

  • October 1, 2020
  • kyaw kyaw
Read More
  • Knowledge
  • Myanmar

ဘာနည်းပညာအကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ”ရွှေဘတောင်”

  • September 25, 2020
  • Eyint Kyi Pyar Zaw
Read More
  • Myanmar
  • Myeik island

ကြီးမားတဲ့ကျောက်တုံးကျောက်ဆောင်အလှတရားတွေနဲ့ Boulder Island (မြိတ်ကျွန်းစု)

  • September 23, 2020
  • kyaw kyaw

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Search
Advertisement
Join us on Facebook
LODGGY
  • Privacy Policy
  • Facebook
  • Instagram
Travel Blog

Input your search keywords and press Enter.