ဘန့်ဘွေးကျင်းရေတံခွန်

စွန့်စားခရီးသွားချင်သူတွေအတွက် ရင်သပ်ရှုမောဖွယ်အလှတွေနဲ့“ဘန့်ဘွေးကျင်းရေတံခွန်”.ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ တည်ရှိတဲ့ ဘန့်ဘွေးကျင်းရေတံခွန်က နောင်ချိုအပိုင် သပြေဒိုးရွာနဲ့ ဘန့်ဘွေးကျင်းရွာကြားမှာ ရှိတာပါ။ ဒေသအခေါ် ရှမ်းဘာသာစကားနဲ့ နမ့်တန်း ရေတံခွန် ( မောင်နှံခုနှစ်ဖော်ရေတံခွန် ) ဟုလည်းခေါ်ဆိုကြပါတယ်။ ဘန့်ဘွေးကျင်းရေတံခွန်ကို ကား၊ ဆိုင်ကယ်တို့နဲ့သွားမယ်ဆို ပြင်ဦးလွင် – မိုးကုတ်လမ်းဟောင်းကနေ လွယ်လိတ်ကျေးရွာဆိုင်းဘုတ်အထိ တစ်နာရီလောက် ကားမောင်းသွားရမှာဖြစ်ပြီး အဲ့ဒီကတဆင့် နာရီဝက်လောက်ထပ်သွားရင် ဘန့်ဘွေးကျင်း ရေတံခွန်ကို ရောက်ရှိမှာပါ။သဘာဝရူခင်းတွေ ဝန်းရံထားတဲ့ ရေတံခွန်ကိုအပေါ်စီးကနေ ကြည့်ရှုနိုင်သလို ရေတံခွန်အောက်ခြေမှာ ဆို အထပ်ထပ်ဖြစ်နေတဲ့ ရေကန်ငယ်တွေကို တွေ့ရဦးမှာပါ။ မြင့်မားလှတဲ့တောင်နံရံကြီးဆီကနေ စီးကျနေတဲ့ ဘန့်ဘွေးကျင်း ရေတံခွန်ရဲ့ ရင်သပ်ရှုမောဖွယ်အလှကတော့ မောပန်းသမျှကို မေ့လျော့သွားစေမှာပါ။ ရှုခင်းတွေက အရမ်းလှသလို ဆည်တော်ကြီးဆည်အလှကိုလည်း တွေ့မြင်နိုင်အုံးမှာပါ။ ရေတံခွန်အောက်ခြေရောက်ဖို့ဆိုရင်တော့ အဆင်းကို တစ်နာရီဝန်းကျင်ကြာဆင်းရမှာပါ။ လမ်းတွေကတော့ ချောက်တွေဘေး၊ …

ဘုရားအဆူပေါင်း (၃၀၁)ဆူကိုဖူးမြော်နိုင်တဲ့ မှော်ဘီကဂျပန်ဘုရား

ဒီနေ့တော့ လေလိုင်းပေါ်ကနေ Lodggy.com နဲ့အတူ ဘုရားဖူးထွက်ရအောင်ဗျာ။ ရန်ကုန်ကနေ ၁၀မိုင်သာဝေးတဲ့နေရာ မှော်ဘီမြို့မှာတည်ရှိပြီး လူနေထူထပ်တဲ့ရန်ကုန်မှာတော့ ဒီဘုရားဖူးခရီးစဥ်လေးက နာမည်ကြီးပါတယ်။ ဘုရားပေါင်း အဆူ ၃၀၁ဆူရှိပြီး ထို ၃၀၁ဆူလုံးကို ဂျပန်လူမျိုး မစ္စတာ ခစုယုခိခုမနိုက အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းမှ အောင်ဇဗ္ဗူဆရာတော်အားကြည်ညိုလွန်းသဖြင့် တရားစခန်းလာရောက်ဝင်နေတုန်း လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ဂျပန်လူမျိုးလှူဒါန်းခဲ့သောကြောင့် ဂျပန်ဘုရားဟုအမည်တွင်ခဲ့ခြင်းဖြစ်လေသည်။ အဆူပေါင်း ၃၀၁ဆူလုံးမှာ မတူညီတဲ့ထူးထူးခြားခြားအကျိုးပေးမှုတွေရှိတယ်လို့ဆိုကြပါတယ်။ တစ်ချို့သော ဘုရားအဆူတွေဟာ နှစ်ပေါင်းရာချီရှိနေပါပြီ။ ဘုရားတွေကိုဖူးခွင့်ကြုံပါက ရောဂါဘယကင်းဝေးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတာရပြီး မိသားစုနဲ့အတူနေခွင့်ရတယ်၊ ရန်အပေါင်းမှကင်းဝေးတယ်၊ ပညာရေးအဆင်ပြေတယ် စသည်ဖြင့် ယုံကြည်မှုတွေရှိကြပါတယ်။ ဒါ့ကြောင့် ဂျပန်ဘုရားကို လာရောက်ဖူးမြော်သူများမှာ ရန်ကုန်မှသာမက နယ်ဝေးဒေသအရပ်မှသူများလည်းလာရောက်ကြပါသည်။ အရင်ကတိတ်ဆိတ်ပြီးအေးဆေးပြီး လာရောက်သူနည်းပါးတဲ့ အောင်ဇဗ္ဗူကျောင်းဟာ ဘုရားအဆူ ၃၀၁ဆူကြောင့် နေ့စဥ်အပတ်စဥ် ဘုရားဖူးတွေနဲ့တအားစည်ကားလှပါတယ်။ စည်ကာားတဲ့အလျောက် စည်းကမ်းလည်းရှိကြပါတယ်။ …

ပုဂံနံရံဆေးရေးပန်းချီလေ့လာသင့်တဲ့ဘုရား အပိုင်း ၁

ပုဂံမြေကိုအလည်တခေါက်ရောက်ဖူးသူတိုင်း ဂူဘုရားတွေ၊ ဥမင်အတွင်းတွေမှာ နံရံဆေးရေးပန်းချီတွေခြယ်မှုန်းအလှဆင်ထားတာကို တွေ့မြင်ဖူးမှာပါ။ ဒီပန်းချီတွေမှာထဲမှာဆိုရင် ဇာတ်နိပါတ်ဆိုင်ရာ ရုပ်ပုံဘုရားဆင်းတုများ၊ အနောဝတအိုင် စတဲ့ပုံတွေအစရှိသည်ဖြင့်တွေ့ရမှာပါ။ ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ပုံတွေဆိုသော်လည်း မဟာယနဆိုင်ရာ ဗုဒ္ဓဘာသာပန်းချီတွေ၊ ဗောဓိသတ္တပုံတွေကိုလည်းတွေ့ရပါတယ်။ ဆေးအနေနဲ့ အဝါရောင်အတွက် ဆေးဒါန်း (Arsenic Trisulphide)၊ အနီရောင်အတွက် ဟင်္သာပြဒါး(Mercuric Sulphide)၊ အပြာရောင်အတွက် ဒုတ္တာ၊ လိမ္မော်ရောင်အတွက် ဆုန်း (Triplumbic Tetraoxide)၊ အဖြူရောက်အတွက် မြေဖြူ (Calcium carbonate)၊ အနက်ရောင်အတွက် ရေနံချေး မင်အရောများကို သုံးစွဲကြပါတယ်။ ပုဂံဆေးရေးပန်းချီများဆိုတာ ပုဂံခေတ် ပုဂံသားတို့ရဲ့ကိုယ်ပိုင် ဟန်တွေဆိုပေမဲ့ မူလနည်းယူရာမှာ အိန္ဒိယပြည်အရှေ့ ဘင်္ဂလားနယ်တဝိုက်ကြီးစိုးခဲ့သော ပါလမင်း၊ သေနမင်းလက်ထက် က အနုပညာများကိုမှီခိုထားတာကို လေ့လာရပါတယ်။ အပိုင်း ၁ အနေနဲ့ ပုဂံနံရံဆေးရေးပန်းချီလေ့လာသင့်တဲ့ဘုရား တွေကိုစုစည်းတင်ပြလိုက်ပါတယ်။ …

ရှိမ်းမကား (သို့) မင်းတုန်းမင်း၏ ကျောင်းတော်

ရတနာပုံခေတ်ကို လှမ်းမျှော်ကြည့်ဖို့အတွက် မန္တလေးအပြင် နေရာတစ်ခုရှိနေပါတယ်။
ဂမ္ဘီရဆန်ဆန် နာမည်တစ်ခု
ဒီနေရာကိုတော့ ရှိမ်းမကားလို့ ခေါ်ပါတယ်။

သဘာဝကြီးကဖန်တီးပေးတဲ့ နီယွန်ရောင် Northern Light သို့မဟုတ် Aurora

ဒီနေ့ Lodggy.com ရဲ့ ခရီးသွားလေးတွေကို ကမ္ဘာကြီးရဲ့အစွန်းပိုင်းတွေမှာသာတွေ့ရတတ်တဲ့ Northern Light (Aurora) တွေအကြောင်းတွေကို ဗဟုသုတအနေနဲ့ ပြန် Share ပေးချင်ပါတယ်။ ခရီးသွားရတာကို နှစ်သက်တဲ့ လူသားတွေဟာ သိပ်လှပတဲ့နေရာသစ်တွေကို ချစ်တဲ့သူတွေနဲ့ သွားရတာသဘောကျကြမှာပါ။ အခုပြောပြပေးမဲ့ Aurora နဲ့ Aurora တွေရှိမဲ့ နေရာဟာလည်းသိပ်ကိုလှပတာမို့ ဒီ Blog လေးကိုဖတ်ပြီး နောင်တစ်ချိန်ခရီးသွားဖို့ ရည်ရွယ်နိုင်ပါတယ်။ Aurora ဆိုတာ Northern Light , Southern Light ဒါမှမဟုတ် Polar Light လို့လဲ ခေါ်ကြတဲ့ Aurora တွေဆိုတာ နေမှလွင့်လာသော Electron တွေနှင့် Protons အမှုန်တွေက ကမ္ဘာကြီးရဲ့ ဆွဲအားကြောင့် လေထုထဲမှ Oxygen နှင့် Nitrogen …

Bagan ပုဂံရဲ့ လူသိနည်းသော ထောင့်ငါးထောင့်ပါ ငါးမျက်နှာဘုရားများ

ပုံဂံဒေသရဲ့ ဂူဘုရားအများစုရဲ့ပုံစံက မုခ်ဦးလေးခုပါ ဂူဘုရားတဲ့ပုံစံတွေများပါတယ်။ ဒီ အထဲမှာမှ ရှေမုခ်ဆောင်မပါဘဲ အလယ်မဏ္ဍိုင် တည်ရှိပြီး ထောင့်ငါးထောင့်နောက်ခံမှာ ဘုရားများတည်ထား ကိုးကွယ်တဲ့ ငါးမျက်နှာပါ ဂူဘုရားများအကြောင်းဖြစ်ပါတယ်။ ဒီပုံစံက ပုဂံဒေသမှာ လည်း များများစားစားမရှိပါဘူး ။lodggy ရဲ့ ခရီးသွားလေးတွေ ဗဟုသုတရအောင် ပြန် Share ပေးလိုက်ပါတယ်။ ဓမ္မရာဇက ငါးမျက်နှာ ပုထိုးတော်ကြီး ဖွားစောရွာမှာ တည်ရှိပြီး နရပတေ့စည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ပုထိုးတော်ကြီးဖြစ်ပါတယ်။local တွေကြားမှာလည်း ဘုရားပုံကို ဓာတ်ပုံဆရာတစ်ယောက် ရိုက်ကူးရာမှာ ဓာတ်ပုံထဲမှာစစ်သူကြီးပုံပေါ်လာတယ်ဆိုပြီး သွားရောက်ဖူးမြှော်သူ များပြားခဲ့တဲ့ ပုထိုးတော်ကြီးဖြစ်ပါတယ်။ ပုံဂံရဲ့ ငါးမျက်နှာဘုရားတွေထဲမှာ အကြီးဆုံးစေတီတော် လို့လည်း ပြောလို့ရပါတယ်။ ဘုရားတည်နေရာ – https://goo.gl/maps/s3kT2rGwUFKiu3HJ8 ဘုရားအမှတ် (၇၃၀) ငါးမျက်နှာဘုရား (မင်းနန်သူရွာအနီး) လူအရောက်ပေါက်နည်းတဲ့ ဘုရားတွေ …

ရွှေစာရံဘုရား အံဖွယ်(၉)ပါး

မြန်မာနိုင်ငံရဲ့အထင်ကရပွဲဝောာ်တွေထဲမှာ ရွှေစာရံဘုရားပွဲတော်ကလဲ အပါအဝင်ဖြစ်ပါတယ်။ ယခုလို ပွဲတော်တွေကျင်းပခွင့်မရသေးတဲ့ ကာလမှာတော့ Lodggy.comရဲ့ ခရီးသွားလေးတွေကို ဗဟုသုတဖြစ်စေမဲ့ ရွှေစာရံဘုရားအကြောင်းနဲ့ ရွှေစာရံဘုရားရဲ့အံသြဖွယ်အကြောင်းအရာ (၉)ပါးတို့ကို ပြောပြပေးချင်ပါတယ်။ ရွှေစာရံဘုရားအမည်နှင့် ရန်ကုန်-သထုံ လမ်းမကြီးပေါ်မှာ တစ်ဆူရှိပြီး အမည်တူ မန္တလေး-ပြင်ဦးလွင် မှာ တစ်ဆူရှိပါတယ်။ တစ်ဆူနှင့်တစ်ဆူ သမိုင်းကြောင်းတွေမတူညီပါ။ အခုပြောပြပေးမှာကတော့ မန္တလေးခရိုင် မြစ်ငယ်မြစ်ပေါ်မှာ တည်ရှိသော ရွှေစာရံဘုရားဖြစ်ပါတယ်။  ဘုရင်အနော်ရထာရဲ့မိဖုရားစောမွန်လှသည် အနော်ရထာမင်းကြီး၏မျက်နှာသာပေးမှုတို့ကြောင့် ကျန်မိဖုရားများ၏ချောက်ချခြင်းကိုခံခဲ့ရကာ နေရပ်သို့ အခြွေအရံများမပါပဲ တစ်ယောက်တည်းပြန်ခဲ့ရပါတယ်။ လမ်းခရီး၌ ရေချိုးဆင်းရာ နား‌ဋောင်းသည်မြင့်မြတ်လွန်းလှသဖြင့်ချွတ်လိုက်လေရာ ကောင်းကင်တွင်တည်နေပြီး စာသူငယ်အပေါင်းတို့က ဝန်းရံနေသည်ကိုတွေ့လိုက်ပါသည်။ နား‌ဋောင်းအားခြုံထည်သဘက်ထည်သို့ သက်ဆင်းလာပါသည်။ ဤတွင်မွေတော်ကိုဌာပနာ၍ စေတီတည် လိုစိတ်ဖြစ်ပေါ်ခဲ့ပြီး ဒုတ္ထဝတီမြစ်ဘေး အဘယခေမာ ကုန်းတော်ပေါ်တွင် စေတီ တည်ထားကိုးကွယ်ခဲ့ပါသည်။စာသူငယ်တွေ ဝန်းရံခြင်းကို စွဲ၍ ရွှေစာရံဘုရားဟူ၍ခေါ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ရွှေစာရံဘုရားတွင် လွန်စွာအံ့သြဖွယ်ကောင်းသော …

ရန်ကုန်အပြန်လက်ဆောင်ဘာဝယ်မလဲ သို့မဟုတ် ရန်ကုန်မှာသာလျှင်ရနိုင်သောအရာများ

နယ်ကလူတွေရန်ကုန်ကို လာလည်ကြတယ်။ အချိန်တန်အိမ်ပြန်ကြလို့ နယ်ကအမျိုးတွေ၊မိသားစုတွေကို အိမ်ပြန်လက်ဆောင်ပေးကြမယ်ဆို အမြဲတစ်စေ ဒိုးနပ်ကြီးပဲဝယ်သွားကြရတာရိုးလှပြီပေါ့။ ရန်ကုန်ကလူတွေအနေနဲ့လည်း နယ်တွေကိုသွားလည်ကြမယ်ဆို ရန်ကုန်ကသယ်လာတဲ့လက်ဆောင်လေးတွေပေးသင့်တာပေါ့နော်။ “မင်းတို့ရန်ကုန်က ဘာမှမရှိပါဘူးကွာ” လို့ အပြောမခံရအောင် Lodggy.com ရန်ကုန်ကနေ ဘာလက်ဆောင်တွေဝယ်သွားလို့ရနိုင်မလဲ ဆိုတာ… ပြီးတော့ ရန်ကုန်မှာသာရနိုင်တဲ့ အရာတွေကို စုထားပေးမှာမို့ ဒီ post ကို Share ထားကြပါဦးဗျာ။ ၁။ စာအုပ်လက်ဆောင် စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့အတိုင်း ရန်ကုန်က ပေါကြွယ်ဝမှုတွေထဲကတစ်ခုကတော့ စာအုပ်ပါ။ စာအုပ်တိုက်တွေ၊ စာရေးတဲ့သူတွေ ၊ ထုတ်လုပ်သူတွေအများကြီးရှိတဲ့ ရန်ကုန်မှာ နည်းပညာစာအုပ်၊ သုတ ရသနှင့် ပညာရေးစာအုပ်တွေ၊ ဘာသာပြန်စာအုပ်တွေနှင့် အမျိုးအစားအစုံစာအုပ်အသစ်တွေလဲရှိသလို ရန်ကုန်ရဲ့ စာအုပ်အဟောင်းတန်းကလဲ နာမည်ကြီးပါပဲ။ ဒါ့အပြင် အချိန်အခါအလိုက် စျေးသက်သာတဲ့ စာအုပ်စျေးရောင်းပွဲတော်တွေလဲ ရှိပါတယ်။ နယ်ကနေ စာတိုက်ကို တကူးတကမှာနေကြတာမို့ …

သိကြားမင်းတည်ခဲ့တယ်လို့ဆိုကြတဲ့ မဟာဆုတောင်းပြည့်နှီးဘုရားကြီး

အချိန်အခါကတော့ ခရီးသွားဖို့ကိုခဏရပ်ထားကြသေးတာမို့ ခရီးသွားလေးတွေမပျင်းရအောင် ကျွန်တော်တို့ Lodggy.com က ဗဟုသုတလေးတွေနဲ့ဖျော်ဖြေပါမယ်ခင်‌ဗျာ။ ဒီနေ့ Blog လေးကတော့ ပြင်ဦးလွင်မြို့ရဲ့အထင်ကရ ဆုတောင်းပြည့်မဟာနှီးဘုရားကြီးအကြောင်းကို ခရီးသွားလေးတွေသိရအောင် Share ပေးသွားပါမယ်ခင်ဗျ။

ကရင်လူမျိုးတို့ရဲ့ သဒ္ဒါတရားကိုမြင်နိုင်မဲ့နေရာ သို့မဟုတ် ဘားအံရဲ့ ကျောက်ကလပ်

ဘားအံကိုခရီးသွားကြတာ ကျောက်ကလပ်ကိုမရာက်ခဲ့ဘူးဆို နောင်တတွေရခဲ့တော့မှာပါပဲ။ ဘာလို့လဲဆို သဘာဝတရားအရ သာယာလှပမှုတွေ၊ ကြည်ညိုဖွယ်စေတီ၊ ကရင်လူမျိုးတို့ရဲ့ သဒ္ဒါတရားတို့တွေကို အတိုင်းသားမြင်တွေရမှာမို့ ဘားအံရောက်ရင် ဝင်ကိုဝင်ရမဲ့ နေရာတစ်ခုပါ။ သာယာတဲ့အကြောင်းကိုပြောရင်တော့ ကျောက်ကလပ်ကိုရောက်သွားတဲ့အချိန်မှာ ပါးစပ်အဟောာင်းသားကို ဖြစ်ခဲ့ရပါတယ်။ စိမ်းစိုနေတဲ့နောက်ခံတောင်တန်းကြီးနဲ့အတူ စေတီနဲ့ ကန်ကြီးက ပနံသင့်နေပါတယ်။ ၂၄ဧကထိအောင်ကျယ်ဝန်းတဲ့ ရေကန်ကြီးရဲ့အလယ်မှာ ကျွန်းပုံစံစုစုလေးဖြစ်နေပြီး ထိုနေရာလေးတွင် စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့အတူ ဘုန်းကြီးကျောင်းငယ်လေးတွေရှိနေပါတယ်။ ကျောက်တုံးမြင့်ပေါ်မှာ ဘုရားတည်ထားခြင်းဖြစ်ပြီး ဆံတော်ရှင် “ကြောင့်ကမ်လာဘ်စေတီတော်” လို့အမည်တွင်ပါတယ်။ ဒါပေမယ့် အမည်ကိုတော့ တော်တော်များများမသိကြပဲ ကျောက်ကလပ်စေတီလို့သာ သိကြပါတယ်။ ထူးခြားချက်မှာ သာမညဆရာတော်ဘုရားကြီးက ကျောက်တောင်ထက်မှာ တရားကျင့်ကြံခဲ့သော တောင်လဲဖြစ်ပြီး ဆုတောင်းလည်းပြည့်သည်ဟု နာမည်ကြီးပါသည်။ ရေကန်ကျယ်ကြီးနဲ့ ဘုရားကိုသွားနိုင်ရန် တံတားရှိပြီး ဘုရားအပေါ်ဆုံးထိတော့ တက်ရောက်လို့မရနိုင်ပါ။ ယခင်က အင်းအဖြစ်ရှိပြီး ရာသီဥတုဒဏ်ကြောင့် မကြာခဏ ရေခမ်းခြောက်ခြင်းဖြစ်လေ့ရှိပြီး …