LODGGY
  • Home
  • English
  • Myanmar
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
LODGGY
Subscribe
LODGGY
  • Home
  • English
  • Myanmar
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
  • advantages
  • Beach
  • Ngapali
  • Ngwe Saung

ပင်လယ်ရေကူးခြင်း၊ ပင်လယ်ရေထိတွေ့ခြင်း ကောင်းကျိုးများ~

  • December 4, 2020
  • 1 minute read
  • Eyint Kyi Pyar Zaw

ADVERTISETMENT

မကြာခင် ခရီးတွေသွားကြတော့မယ်ဆို ဘယ် Destination တွေကို သွားဖို့ရွေးချယ်ပြီးသွားကြပြီလဲ? ဘုရားတွေဖူးမှာလား? တောင်ပေါ်တက်မှာလား? ပင်လယ်ကြီးဆီသွားမှာလား? ဒီတစ်ခေါက် Lodggy က ခရီးသွားခြင်းနှင့်ကျန်းမာရေးချိတ်ဆက်ပြီး ပင်လယ်ရေကူးမယ်၊ ပင်လယ်ရေကိုထိမယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေရှိမလည်းဆိုတာ ပြောပြပေးချင်ပါတယ်။

photo credit to @e.rewerenda

1.အသားအရေကောင်းမွန်ခြင်း

-ပင်လယ်ရေထိတွေ့ခြင်းနှင့် ပင်လယ်ထဲရေကူးခြင်းတို့က အသားအရေကိုကောင်းမွန်စေပါတယ်။ ပင်လယ်ရေထဲမှာ မက်ကနီစီယမ်၊ ဆိုဒီယမ်၊ ကယ်ဆီယမ်၊ ကလိုရင်း ၊ ဆာလဖိတ် တို့လို သဘောဝဓာတ်တွေပါဝင်တာမို့ Skin Care လိုအသုံးဝင်ပါတယ်။ Stress ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေ၊ နှင်းခူနှင့် အခြား အသားအရေရောဂါတွေကို သက်သာစေပါတယ်။

photo credit to @marcusnphot

2.ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်း

-ပင်လယ်ရေအေးမှာရေကူးခြင်း ထိတွေ့ခြင်းက ကိုယ်ခံအားကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Antioxidant တွေကို ထိန်းညှိ့ပေးပြီး ကင်ဆာနှင့် နှလုံးရောဂါဖြစ်နိုင်ချေများကိုလည်း လျှော့ချပေးပါတယ်။ ပင်လယ်ရေထဲမှာပါဝင်တဲ့ ဒြပ်စင်များနှင့် အဏုဇီဝသက်ရှိဟာ ဘတ်တီးရီးယားများနှင့် ဇီဝဆေးများအဖြစ်အလုပ်လုပ်ပြီး အသားအရေရဲ့အညစ်အကြေးများကိုစုတ်ယူပြီး ကျန်းမာရေးကောင်းစေပါတယ်။

ADVERTISETMENT

photo credit to @aryannailliano

3.စိတ်ပိုင်းဆိုင်ရာကျန်းမာမှုများ

– ပင်လယ်ရေကူးမယ်၊ ပင်လယ်ရေနဲ့ထိတွေ့မယ်ဆိုရင် ပုံမှန်မှာတော့နာတာရှည်အဆစ်အမြစ်ယောင်ရမ်းခြင်းနှင့် အဆစ်ရောဂါများကိုသက်သာစေနိုင်ခြင်းအပြင် စိုးရိမ်ပူပန်မှုတွေ၊ Depression တွေ စတဲ့စိတ်ပိုင်းဆိုင်ရာရောဂါများကိုလည်းလျှော့ချပေးပါတယ်။ ပင်လယ်ရေအေးကြောင့် စိတ်အာရုံကိုလည်း စုစည်းမိစေပြီး အသက်ရှုခြင်းဆိုင်ရာ တွေကိုလည်း ကောင်းမွန်စေတာမို့ တရားထိုင်ခြင်းသဘောတရားနဲ့လည်းတူပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခြင်းတွေကိုလည်းခံစားရစေပါတယ်။ ဒါ့အပြင် Muscle နာကျင်မှုများကိုလည်းသက်သာစေပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။

photo credit

4.အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာများကိုသက်သာစေခြင်း

-ဆားပါဝင်မှုများတဲ့ပင်လယ်ရေကြောင့် အသက်ရှုလမ်းကြောင်းပြသနာတွေဖြစ်တဲ့ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း စတဲ့ပြသနာတွေကို သဘာဝနည်းအတိုင်းကုသသလိုဖြစ်စေပါတယ်။

5.ဝိတ်ကျစေနိုင်ခြင်း

-ပင်လယ်ရေကူးခြင်းကြောင့် ခန္ဓာကိုယ်တွင်း Temperature မြင့်တက်စေနိုင်ပြီး ကိုယ်တွင်းမှာရှိတဲ့ ကယ်လိုရီတွေကိုလျင်မြန်စွာ လောင်ကျွမ်းစေနိုင်ပြီး ဝိတ်ကျစေနိုင်ပါသေးတယ်။

ဒါ့ကြောင့် ပင်လယ်ဘက်ကိုခရီးထွက်ဖြစ်ခဲ့ရင် ဒီလိုဗဟုသုတလေးတွေကိုသိထားတော့ ပိုပျော်စရာကောင်းပြီး အကျိုးရှိနိုင်တာမို့ ပြန်လည် Share ပေးကြဖို့မမေ့ပါနဲ့နော်.. ပင်လယ်ကြီးကို တအားလွမ်းနေကြပါပြီ။

ADVERTISETMENT

Eyint Kyi Pyar Zaw

You May Also Like
Read More
  • Around Myanmar
  • Sagaing
  • Uncategorized

နှစ်ပေါင်း (၁၀၀)တိုင်အောင် ကိုလိုနီခေတ်နှောင်းဗိသုကာလက်ရာတွေနဲ့ အသက်ဝင်နေဆဲ ဝက်မစွတ်ကျောင်း~

  • January 12, 2021
  • Eyint Kyi Pyar Zaw
Read More
  • City Guides
  • Guides

ဘာလို့ အခုအချိန် Staycation သွားသင့်လဲ?

  • December 17, 2020
  • Waiyan Min Thant
Read More
  • City Guides
  • Recommendation
  • Travel Tips

Why you should go on a Staycation now?

  • December 17, 2020
  • Waiyan Min Thant
Read More
  • Guides
  • Myanmar

Things to do in Thandwe သို့မဟုတ် သံတွဲသို့သွားလည်ခြင်း အနုပညာ

  • October 2, 2020
  • Eyint Kyi Pyar Zaw
Read More
  • Hotel Promotions
  • Myanmar

အေးချမ်းလှပတဲ့ တည်းခိုစရာ နေရာများ

  • October 1, 2020
  • kyaw kyaw
Read More
  • Knowledge
  • Myanmar

ဘာနည်းပညာအကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ”ရွှေဘတောင်”

  • September 25, 2020
  • Eyint Kyi Pyar Zaw
Read More
  • Myanmar
  • Myeik island

ကြီးမားတဲ့ကျောက်တုံးကျောက်ဆောင်အလှတရားတွေနဲ့ Boulder Island (မြိတ်ကျွန်းစု)

  • September 23, 2020
  • kyaw kyaw
Read More
  • Kalaw
  • Knowledge
  • Myanmar
  • Shan State

နှစ်(၁၀၀) Church ကျောင်းလို့ လူသိများတဲ့ လေ့လာစရာကလောမြို့ရဲ့နှစ်ဆွေး Church ကျောင်း

  • September 18, 2020
  • Eyint Kyi Pyar Zaw

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Search
Advertisement
Join us on Facebook
LODGGY
  • Privacy Policy
  • Facebook
  • Instagram
Travel Blog

Input your search keywords and press Enter.