LODGGY
  • Home
  • English
  • Myanmar
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
LODGGY
Subscribe
LODGGY
  • Home
  • English
  • Myanmar
  • Hotel Reviews
    • Travel Tuesday
  • Gallery
  • lodggy.com
  • Knowledge
  • Myanmar

ဘာနည်းပညာအကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ”ရွှေဘတောင်”

  • September 25, 2020
  • 1 minute read
  • Eyint Kyi Pyar Zaw

အံသြရပါပေတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုနေရာရှိနေတယ်ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်းဂုဏ်ယူမိပါတယ်။ နှစ်ပေါင်း ၉၀၀တိုင်အောင် ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ရွှေဘတောင်ဟာ နောင်တစ်ချိန်ကို သွားရောင်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲကတေးမှတ်ထားရမဲ့နေရာပါပဲ။

ADVERTISETMENT

ကျောက်စေတီတွေ၊ ကျောက်လှိုဏ်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနဲ့ ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့ ရွှေဘတောင်အကြာင်းကို ဒီနေရာကနေ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ရွှေဘတောင်ဟာ မုံရွာမြို့တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း‌ဒေသကြီး ယင်းမာပင်မြို့နယ်တွင်တည်ရှိပါသည်။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါသည်။

ရှေးဟောင်းကျောက်ထွင်းကျောက်တောင်ကြီးတွေဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။ မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေ နဲ့သာတည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေက‌တော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။ ကျောက်သားနံရံများကို အင်္ဂတေလုံးဝမပါပဲ မြန်မာမှုလက်ရာကျောက်ပန်းတမော့နှင့်ကျောက်လက်မှုပညာစစ်စစ်တွေနဲ့သာထွင်းထုထားပါသည်။

ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီးနေရာဖြစ်ပြီး ‌ကျောက်နံရံကို ကျောက်ရေအိုးစဥ်အဖြစ် အသက်သွင်းထားမှုတွေ၊ ‌ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။ နောက်ထပ် အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။ ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။

ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ်အလောင်းစည်သူမင်းလက်ထက်တွင် ကျောက်ထွင်းအနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှ ထိုကျောက်တောင်အကြီးကြီးတွင်ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်းဖောက်လုပ်ရာမှ ‌‌ရွှေဘတောင်ဟူ၍အမည်တွင်ရခြင်းဖြစ်ပေသည်။ ကျောက်ထွင်းအနုပညာရှင်ဦးရွှေဘနှင့် တပည့်များမှ ထိုကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့်နည်းပညာမှမပါဝင်ပဲ လက်နှင့်ဆောက်ကိုသာသုံး၍ ကျောက်သားများကိုထွင်းထုခဲ့ကြပါသည်။

ထိုသို့ကျောက်သားများကိုထွင်းထုရာတွင် ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။ ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါသည်။ လိုသလိုပုံသွင်းနိုင်ပြီးနောက်မှအလိုလိုမာသွားကာ ဖြတ်သုံး၍ရသောကျောက်ဖြစ်ပါသည်။

လူသွားလမ်းများ၊ သာသနာကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ်အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့တွေ့ရပါတယ်။ ဥပမာပြောရရင် အဆောက်အဦးတွေနားအမှိုက်ပွနေခြင်းတွေ၊ ‌ရှေးဟောင်းလက်ရာကျောင်းဆောင်များအား ခေတ်လက်ရာဆေးများသုတ်ပစ်ခြင်းတို့ကိုဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီးမြန်မာကျောက်ပန်းပုလက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲတေးထားမိနေလေပြီလေ။

ADVERTISETMENT

Related Topics
  • Knowledge
  • Monywa
Eyint Kyi Pyar Zaw

You May Also Like
Read More
  • Around Myanmar
  • Sagaing
  • Uncategorized

နှစ်ပေါင်း (၁၀၀)တိုင်အောင် ကိုလိုနီခေတ်နှောင်းဗိသုကာလက်ရာတွေနဲ့ အသက်ဝင်နေဆဲ ဝက်မစွတ်ကျောင်း~

  • January 12, 2021
  • Eyint Kyi Pyar Zaw
Read More
  • City Guides
  • Guides

ဘာလို့ အခုအချိန် Staycation သွားသင့်လဲ?

  • December 17, 2020
  • Waiyan Min Thant
Read More
  • City Guides
  • Recommendation
  • Travel Tips

Why you should go on a Staycation now?

  • December 17, 2020
  • Waiyan Min Thant
Read More
  • advantages
  • Beach
  • Ngapali
  • Ngwe Saung

ပင်လယ်ရေကူးခြင်း၊ ပင်လယ်ရေထိတွေ့ခြင်း ကောင်းကျိုးများ~

  • December 4, 2020
  • Eyint Kyi Pyar Zaw
Read More
  • Guides
  • Myanmar

Things to do in Thandwe သို့မဟုတ် သံတွဲသို့သွားလည်ခြင်း အနုပညာ

  • October 2, 2020
  • Eyint Kyi Pyar Zaw
Read More
  • Hotel Promotions
  • Myanmar

အေးချမ်းလှပတဲ့ တည်းခိုစရာ နေရာများ

  • October 1, 2020
  • kyaw kyaw
Read More
  • Myanmar
  • Myeik island

ကြီးမားတဲ့ကျောက်တုံးကျောက်ဆောင်အလှတရားတွေနဲ့ Boulder Island (မြိတ်ကျွန်းစု)

  • September 23, 2020
  • kyaw kyaw
Read More
  • Kalaw
  • Knowledge
  • Myanmar
  • Shan State

နှစ်(၁၀၀) Church ကျောင်းလို့ လူသိများတဲ့ လေ့လာစရာကလောမြို့ရဲ့နှစ်ဆွေး Church ကျောင်း

  • September 18, 2020
  • Eyint Kyi Pyar Zaw

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Search
Advertisement
Join us on Facebook
LODGGY
  • Privacy Policy
  • Facebook
  • Instagram
Travel Blog

Input your search keywords and press Enter.