ပုဂံမှာ တည်းဖို့ ဘယ်နေရာကို ဘယ်လိုရွေးမလဲ?
ပုဂံလဲ အခုအချိန်ပြန်ဖွင့်ပြီဆိုတော့ ခရီးတွေသွားဖို့ ပြန်ပြီး စဥ်းစားနေကြပြီပေါ့… ကိုယ်တွေလဲ ဘယ်ရက်လေးတွေ သွားရမလဲ ချောင်းနေတာနော်….. ?? သွားကိုသွားရမှဆိုရင်တော့ စဥ်းစားရမှာ ဘယ်လိုသွားမလဲ ဘယ်မှာတည်းရမလဲ? တည်းတဲ့အခါလဲ အဆင်ပြေပြေနဲ့ သက်သက်သာလဲ ဖြစ်၊ အားလုံးအဆင်ပြေတဲ့နေရာဆိုတာ ဘယ်နေရာဖြစ်မလဲ? ညောင်ဦးမြို့ဘက်လား? ပုဂံမြို့ဟောင်းဘက်လား? ပုဂံမြို့သစ်ဘက်လား? ဘုရားတွေနဲ့ရော နီးရဲ့လား?၊ ပုဂံနဲ့ညောင်ဦးနဲ့ဝေးလား?။ စသည်ဖြင့် စဥ်းစားကြရမှာပေါ့၊ ဒီမေးခွန်းဖြေဖို့ အရင်ကိုယ့်ဘာကိုယ်မေးရမဲ့မေးခွန်းတွေက…