ဘာနည်းပညာအကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ”ရွှေဘတောင်”

အံသြရပါပေတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုနေရာရှိနေတယ်ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်းဂုဏ်ယူမိပါတယ်။ နှစ်ပေါင်း ၉၀၀တိုင်အောင် ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ရွှေဘတောင်ဟာ နောင်တစ်ချိန်ကို သွားရောင်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲကတေးမှတ်ထားရမဲ့နေရာပါပဲ။

ကျောက်ဆည်မှာပဲရှိတဲ့ မြန်မာ့ရိုးရာဆင်ပွဲတော်~

မြန်မာပြည်ရဲ့အလယ်ပိုင်းမှာရှိတဲ့ ကျောက်ဆည်မြို့လေးဟာ သူမတူတဲ့ယဉ်ကျေးမှုရိုးရာဆင်ပွဲတော်ကိုပိုင်ဆိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော်ထဲက စတင်ခဲ့တဲ့ ဒီဆင်ပွဲတော်ဟာ ကျောက်ဆည်မြို့ တစ်မြို့ထဲမှာပဲရှိပါတယ်။ ဒါ့ကြောင့် ဆင်ပွဲအစ ကျောက်ဆည်ကဟုပင် ခေါ်ဆိုခဲ့ကြပါတယ်။ ထိုဆင်ရိုးရာပွဲတော်သည် အစိုးရကအသိအမှတ်ပြုကျင်းပပေးသောပွဲတော်ဖြစ်သောကြောင့် မြို့တွင်းသာမက မြန်မာတစ်ပြည်လုံးထိ ကြီးကျယ်ခမ်းနားကျော်ကြားရခြင်းဖြစ်ပါတယ်။