အေးချမ်းလှပတဲ့ တည်းခိုစရာ နေရာများ

ခရီးတွေပြန်ထွက်လို့ရရင် ဒီနေရာမျိုးလေးတွေမှာတည်းမယ်။သီးသန့်လေးနဲ့ လှပတယ်.. အေးချမ်းတယ်..ဒီလိုနေရာလေးတွေမှာ ချစ်ရသူတွေနဲ့အတူ အချိန်တွေကုန်ဆုံးခွင့်ရသူတွေအတွက်တော့..?ရင်ထဲ လိပ်ပြာအကောင်တစ်သန်းလောက် ထပျံနေသလိုနေမှာပါ..? 1.Agga Pyinoolwin?အခုနောက်ပိုင်း ခေတ်စားနေတဲ့ Tiny House အိမ်ပုံစံလေးတွေကိုဆောက်လုပ်ထားတဲ့ ပြင်ဦးလွင်ရဲ့ ပထမဆုံး Tiny House လေးပါ။ ချစ်စရာကောင်းတဲ့ အရောင်စုံအိမ်သေးသေးလေးတွေထဲမှာမှ အိပ်ခန်း၊ ရေချိုးခန်း၊ ဧည့်ခန်းတွေကို ဖွဲ့စည်းထားတာပါ။ အိမ်ပုံစံလေးတွေလည်း အမျိုးစုံပါပဲ။ အိမ်လေးတွေနဲ့ကော၊ အိမ်အထဲမှာပါ ဓါတ်ပုံရိုက်လို့အရမ်းလှပါတယ်။ မြက်ခင်းစိမ်းစိမ်းလေးပေါ်က ခုံလှလှလေးတွေမှာထိုင်ပြီး အေးချမ်းလှပတဲ့ တောင်ပေါ်မြို့လေးရဲ့ အလှတရားတွေနောက်ကို စီးမျောနိုင်မှာပါ။ ဈေးနှုန်းကတော့ ၂ ယောက်ခန်းကို ၃၅၀၀၀ ကျပ်ဝန်းကျင်ကနေစရှိပါတယ်။?လိပ်စာ – လမ်းသာယာလမ်း သစ္စာလမ်းသွယ်၊ ဂန္ဓမာမြိုင်ပန်းခြံနှင့် မြို့ပတ်လမ်း (ကန်တော်ကြီးအဝိုင်း) အနီး၊ ပြင်ဦးလွင်မြို့။ 2.TeaStory – Pyinoolwin?ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အနီး လက်ဖက်ခြံလေးထဲ Tent …

သင်မသိသေးတဲ့ ပြင်ဦးလွင်ကနာရီစင်ကြီးအကြောင်း

ပြင်ဦးလွင်နာရီစင်ကြီးသည် ပြင်ဦးလွင်ရဲ့အထင်ကရတွေထဲက ပြယုဂ်တစ်ခုပါ။ – ပြင်ဦးလွင်နာရီစင်ကြီးကို Purcell Tower လို့ခေါ်ကြပါသေးတယ်။ နာရီစင်ကြီးဘယ်လိုဘယ်ပုံစတင်ဖြစ်ပေါ်လာလဲဆိုတာကိုသိဖို့ ကျွန်တော်တို့ ခုနှစ်အချို့ကိုသိထားရပါမယ်။ -နာရီစင်မှ နာရီကြီးဟာ ၁၉၃၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Gillete & Johnson Company မှဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်​၏ နန်းစံသက် ၂၅နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့သော နာရီအနည်းအငယ်မှ တစ်လုံးအဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။ မန္တလေးမြို့မှ Mr.Purcell နှင့် ပြင်ဦးလွင်မှ ရှေ့နေကြီး Mr.M.Azin တို့​၏ ကြိုးပမ်းမှုကြောင့် နာရီကြီးက ပြင်ဦးမှရရှိခဲ့ခြင်း ဖြစ်ပါတယ်။ -၁၉၃၅ခုနှစ်မှာတော့ နာရီစင်ကြီးကို ရန်ကုန်မှ ဆောက်လုပ်ရေး Company Clark & Graig Co. မှ တာဝန်ယူတည်ဆောက်ပေးခဲ့ပါသည်။ -၁၉၃၆ …

Hotel Pyin Oo Lwin ,Review

အေးချမ်းပြီး ချစ်စရာကောင်းတဲ့ ပြင်ဦးလွင်ရဲ့ အငွေ့အသက်တွေ အပြည့်အဝရရှိစေမယ့် ပြင်ဦးလွင်မြို့က ဟိုတယ်ပြင်ဦးလွင်အကြောင်းလေး ဟိုတယ် Review အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ တည်နေရာ ကန်တော်ကြီးဥယျာဉ်နဲ့ အနီးဆုံးဟိုတယ်တွေထဲက တစ်ခုပါပဲ။ ဟိုတယ်က ကန်တော်ကြီးသွားတဲ့လမ်းပေါ်မှာရှိပြီး ကန်တော်ကြီးမရောက်ခင် အကွေ့လေးနားရောက်ရင် ဘယ်ဘက်အခြမ်းမှာရှိတာပါ။ ဟိုတယ်ကနေ ကန်တော်ကြီးအမျိုးသားရုက္ခဗေဒ ဥယျာဉ်ကို ၅ မိနစ်၊ ပြင်ဦးလွင်မြို့ထဲကိုတော့ ကားနဲ့ ၁၀ မိနစ်လောက်ပါပဲ။ ဟိုတယ်အနေအထား Reception အတွင်းထဲဝင်လိုက်တာနဲ့ ပြင်ဦးလွင်က အိမ်အကြီးကြီးတစ်ခုထဲရောက်သွားသလို ခံစားရတယ်။ ကိုလိုနီခေတ်က အသုံးအဆောင်တစ်ချို့ရယ် ခေတ်မှီအပြင်အဆင်တွေနဲ့ ရောယှက်ပြီး ပြင်ဆင်ထားတာ လှပါတယ်။ ဟိုတယ်ခြံဝန်းထဲမှာတော့ ထင်းရှုးပင်၊ ပန်းပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ အေးအေးချမ်းချမ်းရှိပြီး လမ်းအနိမ့်အမြင့်တွေဘေးမှာ သစ်သားအိမ်ဘန်ဂလိုလေးတွေ အစီအရီနဲ့ တည်ဆောက်ထားတာပါ။ ခြံဝန်းထဲမှာလည်း ပြင်ဦးလွင်နာရီစင်၊ ရေတံခွန်၊ ရေကန်ပေါ်မှာ သစ်သားတံတားလေးတွေနဲ့ …

17 Restaurants to try in Pyin Oo Lwin

You are in the summer city, Pyin Oo Lwin and not sure where to eat? Here is our comprehensive guide to the best restaurants in town!

7 Hotels to Consider for Your Next Visit to Pyin Oo Lwin

Whether you are still thinking of going or already planning your trip to Pyin Oo lwin, here are our recommendations of hotels in Pyin Oo Lwin in different budget category.