Things to do in Thandwe သို့မဟုတ် သံတွဲသို့သွားလည်ခြင်း အနုပညာ

များသောအားဖြင့် ကျွန်တော်တို့တွေဟာ ငပလီကမ်းခြေကို ခရီးထွက်ကြပြီဆို သံတွဲကို ဝင်မလည်တာ၊ သံတွဲကို မရောက်ဖြစ်တာ များပါတယ်။ သံတွဲမှာ လည်စရာမရှိဘူး၊ သံတွဲမှာ ပျော်စရာ၊လေ့လာစရာတွေမရှိဘူးလို့ ထင်ကြတာများပါတယ်။ တကယ်လို့များ ခရီးတွေပြန်ထွက်ရလို့ ငပလီကမ်းခြေကိုရောက်ခဲ့မယ်ဆို သံတွဲမှာ ဘာတွေလုပ်လို့ရမလဲဆိုတာကို ကျွန်တော်တို့ Lodggy.com မှ ခရီးသွားရင်း လေ့လာရ ပျော်ရတာကို နှစ်သက်ကြတဲ့ ခရီးသွား ချစ်သူများအတွက် မြန်မာပြည်အဖိုးတန်များမှတစ်နေရာ သို့မဟုတ် သံတွဲမြို့မှ လည်စရာများကို ကိုယ်တွေ့အတွေ့အကြုံများနှင့်တကွ ပြောပြပေးချင်ပါတယ်ခင်ဗျာ။ သမိုင်းဝင် ဆံတော်၊နံတော်၊အံတော် စေတီတော် Things to do in Thandwe ဆိုတဲ့ Topic နဲ့အတူ သံတွဲမြို့ကို လည်တော့မယ် ဆို ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကျော်သွားလို့မရတာကတော့ ဒွါရာဝတီ-သံတွဲမြို့ရဲ့ သမိုင်းဂုဏ်ဆောင် ဆံတော်၊နံတော်၊အံတော် စေတီတော်တွေပါပဲ။ ပထမဆုံးအနေနဲ့ …

BT BAY NGAPALI HOTEL REVIEW

ဒီအပတ် Review ကတော့ ? ပုဂံနဲ့ ကျိုက်ထို တို့မှာ နာမည်ရပြီးသား Bawgatheiddhi Hotel Group ရဲ့ ငပလီကမ်းခြေမှာ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှ အသစ်ဖွင့်ထားတဲ့ BT Bay Ngapali အကြောင်းဖြစ်ပါတယ်။ ??? ? တည်နေရာ BT Bay Hotel ဟာဆိုရင် နာမည်ကျော်ငပလီကမ်းခြေ ⛱တစ်နေရာဖြစ်တဲ့ လင်းသာရွာတွင်တည်ရှိပြီး ဂျိတ်တောလမ်းမကြီး နံဘေး၊ ကမ်းခြေနှင့်အနီးဆုံးနေရာမှာရှိပါတယ်?။ သံတွဲလေဆိပ်ကဆိုလျှင် ၁၀ မိနစ် – (၅)မိုင်ခန့်ကွာဝေးတယ်။ လေဆိပ်မှလာလျှင် ငပလီဂေါက်ကွင်းကို⛳ အရင်တွေ့ရမယ်။ ဟိုတယ်က ဂျိတ်တောလမ်းမကြီးပေါ်?တွင်မှာဆိုပေမဲ့ ကမ်းခြေနှင့်အနီးဆုံးနေရာမှာတည်ရှိသည့် အတွက် ဟိုတယ်လော်ဘီသို့ဝင်လိုက်သည်နှင့်တပြိုင်နက် ကမ်းခြေ၏အလှအပကို ချက်ချင်းခံစားနိုင်မှာပါ။ ? ? ဟိုတယ်အနေအထား ဟိုတယ်အဆောက်အဦက (၃)ထပ် Building Type …