Things to do in Thandwe သို့မဟုတ် သံတွဲသို့သွားလည်ခြင်း အနုပညာ

များသောအားဖြင့် ကျွန်တော်တို့တွေဟာ ငပလီကမ်းခြေကို ခရီးထွက်ကြပြီဆို သံတွဲကို ဝင်မလည်တာ၊ သံတွဲကို မရောက်ဖြစ်တာ များပါတယ်။ သံတွဲမှာ လည်စရာမရှိဘူး၊ သံတွဲမှာ ပျော်စရာ၊လေ့လာစရာတွေမရှိဘူးလို့ ထင်ကြတာများပါတယ်။ တကယ်လို့များ ခရီးတွေပြန်ထွက်ရလို့ ငပလီကမ်းခြေကိုရောက်ခဲ့မယ်ဆို သံတွဲမှာ ဘာတွေလုပ်လို့ရမလဲဆိုတာကို ကျွန်တော်တို့ Lodggy.com မှ ခရီးသွားရင်း လေ့လာရ ပျော်ရတာကို နှစ်သက်ကြတဲ့ ခရီးသွား ချစ်သူများအတွက် မြန်မာပြည်အဖိုးတန်များမှတစ်နေရာ သို့မဟုတ် သံတွဲမြို့မှ လည်စရာများကို ကိုယ်တွေ့အတွေ့အကြုံများနှင့်တကွ ပြောပြပေးချင်ပါတယ်ခင်ဗျာ။ ?သမိုင်းဝင် ဆံတော်၊နံတော်၊အံတော် စေတီတော်

Things to do in Thandwe ဆိုတဲ့ Topic နဲ့အတူ သံတွဲမြို့ကို လည်တော့မယ် ဆို ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကျော်သွားလို့မရတာကတော့ ဒွါရာဝတီ-သံတွဲမြို့ရဲ့ သမိုင်းဂုဏ်ဆောင် ဆံတော်၊နံတော်၊အံတော် စေတီတော်တွေပါပဲ။ ပထမဆုံးအနေနဲ့ ကျွန်တော်က သံတွဲမြို့ကို ဒွါရာဝတီလို့ ဘာလို့ခေါ်ဆိုရလဲ၊ ဘာလို့အမည်တွင်လဲဆိုတာလေး ရှင်းပြပေးချင်ပါတယ်။ဒီဒေသ ဒီနယ်ပယ်ကို လည်မယ် လေ့လာမယ်ဆို ဒီဒေသကို ဘာကြောင့် အမည်တွင်လဲဆိုတာမျိုး လေ့လာရတာ ခရီးသွားချစ်သူတွေလဲ နှစ်သက်မယ်လို့လဲထင်ပါတယ်။”ဒွါရာဝတီ”ဟူသော အမည်သည် ရခိုင်ပြည်တွင်ရှိတဲ့ ရှေးဟောင်းမြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ယနေ့ထက်တိုင်အောင် ဒွါရာဝတီဟူသောအမည်ဏာမမှာ ထင်ရှားကျော်ကြားဆဲပင်ဖြစ်ပါတယ်။ “ဒွါရာ”ဆိုသည်မှာ ဝင်ရာထွက်ရာတံခါးပေါက် တံခါးပေါက်ကိုဆိုလိုခြင်းဖြစ်ပြီး “ဝတီ”ဆိုသည်မှာ “တည်ရှိ”ခြင်းကို ဆိုလိုပါတယ်။ဒါကတော့ ကျွန်တော်က ဗဟုသုတအနေနဲ့ ပြန် share ပေးတာပါ။ ဒါဆို ကျွန်တော်တို့ သံတွဲသမိုင်းဂုဏ်ဆောင် ဆံတော်၊နံတော်၊အံတော် အကြောင်းကို ပြန်သွားရအောင်ဗျာ~

ADVERTISETMENT

ရွှေဆံတော် စေတီတော် ဖြစ်ပေါ်လာပုံ

မြတ်စွာဘရားရှင်သည် ဤဒွါရာဝတီ-သံတွဲမြို့ကို ကြွချီတော်မူလာခဲ့ရာ “တန့်တော်မူတောင်” ပေါ်တွင် ရပ်တန့်တော်မူ၍ညီတော်အာနန္ဒာကို မိန့်ကြားတော်မူခဲ့ပါတယ်။ (မြတ်စွာဘုရား ရပ်တော်မူသော “တန့်တော်မူတောင်” သည် ယနေ့ထက်တိုင်ခေါ်တွင်နေဆဲဖြစ်သည်။) ​ညီတော်အာနန္ဒာအား မြတ်စွာဘုရားသည် ဒွါရာဝတီ-သံတွဲမြို့တွင် လူမင်းအဖြစ်ရော သတ္တဝါ အဖြစ်ရောကျင်လည်ခဲ့ဖူးပါကြောင်း၊ တန့်တော်မူတောင်​၏ အရှေ့တောင်ထောင့်အရပ်ရှိ “မဏိကေသ” တောင်၌ အလွန်လှပတင့်တယ်၍ အမွှေးအတောင်နှင့်ခန့်ညားလှစွာသော နွားမျိုး “စာမရီ” တို့​၏ ဧကရာဇ်တစ်ပါးဖြစ်ခဲ့ဖူးသောကြောင့် မြတ်စွာဘုရား လွန်တော်မူပါက “ငါဘုရား​၏ ဆံတော်ဓာတ်” ကို စေတီတည်၍ “ဆံတော်စေတီ”ဟူ၍ခေါ်တွင်စေလိုပါကြောင်း မိန့်ကြားတော်မူခဲ့ပါသည်။

ရွှေနံတော် စေတီတော် ဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားသည် ဆက်လက်မိန့်ကြားတော်မူခဲ့ပါသည်။ ဘုရားရှင်သည် တန့်တော်မူတောင်​၏ အနောက်တောင်ဘက်ရှိ “ရောဟကူဋ” တောင်၌ အရောင်အသွေးစုံလင်ပြည့်စုံလှစွာသော “ခါတို့မင်း ခါမင်း” ဖြစ်ခဲ့ဖူးသောကြောင့် မြတ်စွာဘုရားပျံလွန်တော်မူပါက နံတော်ဓာတ်ကိုစေတီတည်ကာ “နံတော်စေတီ” ဟု ခေါ်တွင်စေလိုကြောင်း ဗျာဒိတ်တော်ပေးခဲ့ပါသည်။

ADVERTISETMENT

ရွှေအံတော် စေတီတော် ဖြစ်ပေါ်လာပုံ

အံတော် ဖြစ်ပေါ်လာရပုံကား တန့်တော်မူတောင်​၏ အနောက်ဘက်အရပ်ရှိ “ဝါသုရ” တောင်၌ ​တင့်တယ်ခြင်းနှင့်ပြည့်စုံသော “မြွေငန်းတို့​၏ ဘုရင် မြွေငန်းမင်း” ဖြစ်ခဲ့ဖူးသောကြောင့် ငါဘုရားပရိနိဗ္ဗာန်စံတော်မူပါက အံတော်ဓာတ်ကို စေတီတည်ကာ “အံတော်စေတီ” ဟုခေါ်တွင်စေလိုကြောင်း ညီတော် အာနန္ဒာအား မိန့်ကြားတော်မူခဲ့ပါသည်။ သို့ဖြစ်၍ သာသနာတော် သက္ကရာဇ် ၂၃၆ခု (ဘီစီ ၃၀၈)တွင် “သံတွဲမြို့စား ဓမ္မသူရ အမတ်ကြီး” သည် မြတ်စွာဘုရား​၏ ဗျာဒိတ်တော်အရ သမိုင်းဝင် ဆံတော်၊နံတော်၊အံတော် တို့ကို ကိုယ်တိုင်ဦးဆောင်၍ တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရားများကိုတည်ထားခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း (၂၃၂၈) လောက်ထဲက တည်ထားခဲ့သောကြောင့် မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ဘုရားများထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် သံတွဲမြို့ကို ရောက်ရင် ဆံတော် ၊နံတော်၊အံတော် သမိုင်းဝင်ဘုရားတွေကို ဝင်ရောက်ဖူးမြော်သင့်ကြောင်း၊ဝင်ရောက်လေ့လာသင့်ကြောင်း ပထမဆုံးအနေနဲ့ အကြံပေးလိုပါတယ်ခင်ဗျာ။

ရိုးရာယက်ကန်းရုံ

ဒီယက်ကန်းရုံမှာ ချည်နဲ့ယက်လုပ်တဲ့ရခိုင်ရိုးရာလုံချည် ထမီတွေကိုရှေးမူမပျက် ယက်ကမ်းဆင်တွေနဲ့ယက်လုပ် တာကို လေ့လာနိုင်ပါတယ်။ ချည်လုံချည်တွေအပြင် ပွဲတက်ဖို့ ပိုးနဲ့ရောပြီး ယက်လုပ်ထားတဲ့ ပွဲတက်လုံချည်တွေလဲဝယ်လို့ရပါတယ်။ ဒီယက်ကန်းတွေမှာပဲ ဝါးချည်နဲ့ယှက်ပြီးယက်ထားတဲ့ ဝါးစားပွဲခင်းတွေလဲဝယ်လို့ရပါတယ်။

ဒွါရာဝတီမြို့မစျေး

မြို့မစျေးကတော့ သဲတွဲမြို့အစီဆုံးနေရာထဲကတခုဆိုမမှားပါဘူး။ မနက်စာ ရခိုင်မုန့်တီစစ်စစ်တွေရသလို အုန်းသီးနဲ့လုပ်ထားတဲ့ မုန့်ပဲသားရေစာတွေလဲ စားလို့ရတယ်။ ကြက်ဥလိပ် (ပေါင်မုန့်ကို ကြက်ဥနဲ့လိပ်ထားတာပါ)၊ မုန့်လိပ်ပြာ၊ မုန့်ဦးနောက် တွေစားခဲ့ဖို့မမေ့နဲ့နော်။ အခြား သား၊ငါး၊ပင်လယ်စာ၊ အဝတ်အစား စတာတွေလဲရနိုင်ပါတယ်။ အိမ်ပြန်လက်ဆောင်ဝယ်သွားဖို့ အကောင်းဆုံးနေရာပါပဲ။

ADVERTISETMENT

Leave a Reply

Your email address will not be published. Required fields are marked *